Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 21:19 - Common Language Bible

19 ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19-20 စွဲ ရောက် သော ဘေး ရော ဂါ ကြောင့် အူ ထွက်၍ ဘု ရင် မင်း ကွယ် လွန် သော်၊ ပြည် သူ ပြည် သား တို့ သည်၊ ပြည် မ ကြိုက် သော ထို မင်း အ လောင်း ကို၊ ဘေး တော် ဘိုး တော် တို့ အ ဖို့၊ မီး ပွဲ သ ဘင် ကျင်း ပ သ ကဲ့ သို့ မ ကျင်း ပ ဘဲ၊ ဒါ ဝိဒ် မြို့ တော် ၌ စျာ ပ န ပြု သော် လည်း၊ သင်္ချိုင်း တော် တွင် မ ပြု ကြ ချေ။ အိမ် နိမ့် သုံး ဆယ့် နှစ် နှစ် ရှိ မှ၊ နန်း တက် သော ယ ဟော ရံ မင်း သည်၊ ယေ ရု ရှ လင် မြို့၌၊ ရှစ် နှစ် သာ နန်း စံ ရ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ရှင်​ဘု​ရင်​သည် တာ​ရှည်​စွာ​နာ၍၊ နှစ်​နှစ်​စေ့​သော​အ​ခါ၊ အ​နာ​ပြင်း​ထန်​သော​ကြောင့်၊ အူ​ထွက်၍ အ​သက်​ချုပ်​လေ၏။ ပြည်​သား​တို့​သည် ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ မီး​ရှို့​ခြင်း​ကို​ပြု​သ​ကဲ့​သို့၊ ထို​မင်း​အ​ဖို့​မ​ပြု။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 နေ့စဉ်ရက်ဆက်​ဝေဒနာ​ခံစား​ရ​ပြီး နှစ်​နှစ်​ကြာ​သောအခါ ထို​အနာရောဂါ​ကြောင့် အူ​များ​ထွက်ကျ​လာ​၍ ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​ရင်း အနိစ္စရောက်​သွား​၏​။ ဘိုးဘေး​တို့​အား မီးပွဲသဘင်​ကို ခမ်းနား​စွာ​ကျင်းပ​ပေး​သကဲ့သို့ သူ့​ပြည်သား​တို့​သည် သူ့​ကို မ​ပြု​ပေး​ကြ​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 21:19
4 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မြို့​တွင်​သူ​၏​အ​တွက်​ပြု​လုပ်​ထား သည့်​ကျောက်​ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ပြည်​သူ​တို့ သည်​သင်္ဂြိုဟ်​ရန်​အ​တွက်​မင်း​ကြီး​၏​အ​လောင်း ကို နံ့​သာ​မျိုး​များ၊ ဆီ​မွှေး​များ​နှင့်​မွမ်း​မံ ပြင်​ဆင်​ကြ​ပြီ​လျှင်​ဝမ်း​နည်း​ကြေ​ကွဲ​သည့် အ​ထိမ်း​အ​မှတ်​ဖြင့်​မီး​ပုံ​ပွဲ​ကြီး​ကို ကျင်း​ပ​ကြ​လေ​သည်။


သင်​ကိုယ်​တိုင်​အူ​၌​တစ်​နေ့​တစ်​ခြား​ဆိုး ရွား​လာ​သည့်​ရော​ဂါ​စွဲ​ကပ်​လာ​လိမ့်​မည်''ဟု ပါ​ရှိ​၏။


သူ​သည်​ပြင်း​စွာ​ဒဏ်​ရာ​ရ​လျက်​ကျန်​ရစ်​ခဲ့​၏။ ရန်​သူ​များ​ဆုတ်​ခွာ​သွား​သော​အ​ခါ​အ​မတ် နှစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏ သား​ကို​သတ်​သည့်​အ​တွက် လက်​စား​ချေ​သည့် အ​နေ​ဖြင့်​လျှို့​ဝှက်​ကြံ​စည်​ကာ​သူ့​အား သ​လွန်​ပေါ်​တွင်​လုပ်​ကြံ​ကြ​၏။ သူ​၏ အ​လောင်း​ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ သော်​လည်း​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​၌ မ​သင်္ဂြိုဟ်​ကြ​ချေ။-


အေး​ချမ်း​စွာ​သေ​ရ​လိမ့်​မည်။ လူ​တို့​သည် သင်​၏​ဘိုး​ဘေး​များ​အ​တွက် နံ့​သာ​ပေါင်း ကို​မီး​ရှို့​ခဲ့​ကြ​သည့်​နည်း​တူ သင်​၏​အ​တွက် လည်း​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ကြ​လိမ့်​မည်။ သူ တို့​သည်`ငါ​တို့​ဘု​ရင်​ကွယ်​လွန်​ပြီ' ဟု​ဆို​၍ သင်​၏​အ​တွက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ