အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ပေ 3:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့်

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​အ​ရာ​အား​လုံး​တို့​သည်​ဤ​သို့​ပျက်​စီး သွား​ရ​မည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘယ် သို့​သော​သူ​များ​ဖြစ်​သင့်​ကြ​သ​နည်း။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကို​စောင့် မျှော်​၍ ထို​နေ့​ရက်​အ​မြန်​ကျ​ရောက်​လာ စေ​ရန်​ကြိုး​စား​အား​ထုတ်​လျက်​နေ​ကြ​စဉ် မိ​မိ​တို့​ကိုယ်​ကို​ဖြူ​စင်​သန့်​ရှင်း​စေ​ပြီး လျှင်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သင့်​ကြ ၏။ ထို​နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​မီး​သင့် လောင်​ကျွမ်း​၍​ပျက်​စီး​လိမ့်​မည်။ ကြယ်​တာ ရာ​များ​သည်​လည်း​အ​ပူ​ကြောင့်​အ​ရည် ပျော်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို သို့ မိုး ကောင်း ကင် သည် မီး လောင်၍ ပြယ် ပျောက် ခြင်း၊ လော က ဓာတ် များ လည်း ပူ ပြင်း၍ အ ရည် ဖြစ် ခြင်း ခံ ရ မည့် ဘု ရား သ ခင် နေ့ ရက် တော် ကို စောင့် မျှော် တောင့် တ သော သင် တို့ သည် အ ရာ ရှိ သ မျှ ပြယ် ပျောက် ရ မည် ကို သိ မြင် ကြ သည့် အ လျောက် ဘု ရား တ ရား ကြည် ညို လျက် သန့် ရှင်း စွာ နေ သင့် ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ဖြစ်၍၊ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ကုန်​စင်​မည်​မှန်​သော​ကြောင့်၊ မိုး​ကောင်း​ကင်​သည် မီး​နှင့် ပျက်၍ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး​လျက်၊ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သော နေ့​တည်း​ဟူ​သော၊ ဘု​ရား​သ​ခင်၏​နေ့ ရောက်​လိမ့်​မည်​ဟု သင်​တို့​သည် မျှော်​လ​င့်​တောင့်​တ​လျက်၊ သန့်​ရှင်း​သော​အ​ကျင့်​ကို​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့်၊ အ​ဘယ်​သို့​သော​သူ ဖြစ်​အပ်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အရာ​အားလုံး​သည် ဤ​နည်း​အားဖြင့် ဖျက်ဆီးခံရမည်​ဖြစ်​သောကြောင့် သင်တို့​သည် မည်သို့သော​သူများ ဖြစ်သင့်​သနည်း။ သန့်ရှင်း​စွာ ပြုမူနေထိုင်​လျက် ဘုရားတရား​ကိုင်းရှိုင်းခြင်း​ဖြင့်

အခန်းကိုကြည့်ပါ။



၂ ပေ 3:11
27 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​တို့​သည် အဖိနှိပ်​ခံရ​သော​သူ​နှင့် နွမ်းပါး​သော​သူ​ကို လဲကျ​စေရန်​လည်းကောင်း​၊ ဖြောင့်မှန်​စွာ​ပြုမူကျင့်ကြံ​သော​သူ​တို့​ကို သတ်ဖြတ်​ရန်​လည်းကောင်း ဓား​ကို​ထုတ်​၍ လေး​ကို​တင်​ကြ​၏​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။


မြေကြီး​နှင့် မြေကြီး​ပေါ်၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည် စိုးရိမ်​တုန်လှုပ်​ကြ​သောအခါ ငါ​သည် မြေကြီး​၏​တိုင်​တို့​ကို တည်ငြိမ်​စေ​၏​။(​စေလာ)


အို မြို့​တံခါး​၊ ညည်းတွားငိုကြွေး​လော့​။ အို မြို့​၊ အော်ဟစ်​လော့​။ မြောက်အရပ်​မှ​မီးခိုး​ထွက်လာ​၏​။ စစ်သည်​အလုံးအရင်း​တွင် တစ်ယောက်တည်း​ကွဲထွက်​သွား​သော​သူ​မ​ရှိ​။ ထို့ကြောင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​သည် စိတ်အားလျော့​ကြ​၏​။


ကမ္ဘာမြေကြီး​သည် အစိတ်စိတ်အမွှာမွှာ​ကွဲ​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် လုံးလုံး​ကွဲအက်​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် သွက်သွက်​ခါလှုပ်​လေ​ပြီ​။


ကောင်းကင်​တန်ဆာ​တို့​သည် ပျက်စီးပျောက်ကွယ်​သွား​၍ ကောင်းကင်​သည် စာလိပ်​ကဲ့သို့​လိပ်​သွား​မည်​။ ကောင်းကင်တန်ဆာ​တို့​သည် စပျစ်ပင်​မှ အရွက်​ကြွေကျ​သကဲ့သို့​၊ သဖန်းပင်​မှ အရွက်​ကြွေကျ​သကဲ့သို့ ကြွေကျ​ကြ​လိမ့်မည်​။


ထို​သူ​တို့​သည် အံ့ဩ​လျက် “ဤ​သူ​ကား မည်သို့​သော​သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။


သင်​တို့​သည် အချိန်အခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်ပျော်​ရာ​မှ နိုးထ​ရ​မည့်​အချိန်​နာရီ​ရောက်​လေ​ပြီ။ အဘယ်ကြောင့်​ဆိုသော် ယခု​အခါ ငါ​တို့​၏​ကယ်တင်​ခြင်း​သည် ငါ​တို့​စတင်​ယုံကြည်​ချိန်​က​ထက် ပို၍​နီးကပ်​လာ​ပြီ​ဖြစ်​၏။


ည​အချိန်​ကုန်​လု​၍ နေ့​အချိန်​ရောက်​တော့မည်။ ထို့ကြောင့် ငါ​တို့​သည် မှောင်မိုက်​ခြင်း​၏​အကျင့်​များ​ကို ဖယ်ရှား​လျက် အလင်း​၏​လက်နက်​များ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​ကုန်စို့။


ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။


မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ထိုက်တန်​စွာ ပြုမူ​နေထိုင်​ကြ​လော့။ ဤသည်ကား သင်​တို့​သည် ဝိညာဉ်​တစ်ပါးတည်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​လျက် တစ်စိတ်​တစ်သဘောတည်း​ဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် ယုံကြည်​ခြင်း​အတွက် အတူတကွ​ကြိုးစား​လုပ်ဆောင်​ကာ ဆန့်ကျင်​သူ​များ​ကြောင့် မည်သည့်​အရာ​၌​မျှ ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြောင်း​ကို ငါ​သည် သင်​တို့​နှင့်​လာ​၍​တွေ့ဆုံ​သည်​ဖြစ်စေ၊ ကွဲကွာ​နေ​သည်​ဖြစ်စေ၊ သင်​တို့​နှင့်​ပတ်သက်၍ ကြားသိ​နိုင်​ရန်​ဖြစ်​၏။


သို့သော် ငါ​တို့​၏​နိုင်ငံသား​အရိုက်အရာ​သည် ကောင်းကင်​ဘုံ​၌​ရှိ​၏။ ထို​အရပ်​မှ​ကြွလာ​တော်မူ​မည့် ကယ်တင်ရှင်​သခင်​ယေရှု​ခရစ်တော်​ကို ငါ​တို့​စောင့်မျှော်​နေ​ကြ​၏။


အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။


ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် အမှန်ပင်​ကြီးမြတ်​လှ​ပေ​၏။ ကိုယ်တော်​သည် သွေးသား​အားဖြင့်​ထင်ရှား​ပြီး ဝိညာဉ်​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ကောင်းကင်​တမန်​တို့​၏​ရှုမြင်​ခြင်း၊ သတင်းတော်​ကို​လူမျိုးခြား​တို့​ကြား​၌ ဟောပြော​ခြင်း၊ ဤ​လောက​တွင် လက်ခံ​ယုံကြည်​ခြင်း​တို့​ကို​ခံရ​လျက် ဘုန်း​အသရေ​နှင့်တကွ အထက်သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၏။


သင်​၏​အသက်အရွယ်​နုပျို​ခြင်း​ကို မည်သူမျှ​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ အပြောအဆို​၌​လည်းကောင်း၊ အသက်ရှင်​နေထိုင်​မှု​၌​လည်းကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်းကောင်း၊ ယုံကြည်​ခြင်း​၌​လည်းကောင်း၊ ဖြူစင်​သန့်ရှင်း​ခြင်း​၌​လည်းကောင်း ယုံကြည်​သော​သူ​တို့​အတွက် စံနမူနာ​ဖြစ်​လော့။


အို ဘုရားသခင်​၏​လူ၊ သင်​မူကား ထို​အရာ​များ​ကို​ရှောင်​၍ ဖြောင့်မတ်​ခြင်း၊ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း၊ သည်းခံ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။


တစ်စုံတစ်ယောက်​သည် ခြားနား​သော​ဩဝါဒ​ကို​သွန်သင်​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မှန်ကန်​ပြည့်စုံ​သော​တရား​စကား​နှင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​ညီ​သော​ဩဝါဒ​တို့​ကို မ​လိုက်နာ​လျှင်


သို့သော် ကျေနပ်​တင်းတိမ်​မှု​ဖြင့် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​သည် ကြီးစွာ​သော​အကျိုးစီးပွား​ပင်​ဖြစ်​၏။


အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။


အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​ကြည့်​ပြီး ထွက်ခွာ​သွား​သည်​နှင့် မိမိ​သည် မည်သည့်​ပုံသဏ္ဌာန်​ရှိ​သည်​ကို ချက်ချင်း​မေ့လျော့​သွား​တတ်​၏။


သင်​တို့​တွင် မည်သူ​သည် ပညာရှိ​ဖြစ်​ပြီး တတ်သိ​လိမ္မာ​သူ​ဖြစ်​သနည်း။ ထို​သူ​သည် ဉာဏ်ပညာ​၏​နူးညံ့​သိမ်မွေ့​ခြင်း​၌​တည်​သော မိမိ​၏​လုပ်ဆောင်​မှု​တို့​ကို ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​အားဖြင့် သက်သေ​ပြ​ပါစေ။


သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​သည် သန့်ရှင်း​တော်မူ​သည့်​နည်းတူ သင်​တို့​ကိုယ်တိုင်​လည်း အသက်ရှင်​နေထိုင်​မှု​ရှိသမျှ​တို့​၌ သန့်ရှင်း​ခြင်း​ရှိ​ကြ​လော့။


လူမျိုးခြား​တို့​အလယ်​တွင် ကောင်း​စွာ​အသက်ရှင်​နေထိုင်​ကြ​လော့။ သို့ပြုလျှင် သူ​တို့​သည် သင်​တို့​ကို ဒုစရိုက်​ပြု​သူ​များ​အဖြစ် ပုတ်ခတ်​ပြောဆို​ကြ​သော်လည်း သင်​တို့​၏​ကောင်း​သော​အမှု​တို့​ကို​မြင်​၍ အကြည့်အရှု​ကြွလာ​တော်မူ​သော​နေ့ရက်​၌ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။


ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။


အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊


သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။


ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။