အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
၂ တိ 4:2 - မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။ Common Language Bible (အချိန်အခါသင့်သည်ဖြစ်စေ၊ မသင့်သည် ဖြစ်စေ) တရားတော်ကိုဟောပြောကြေညာ လော့။ ကြားနာသူတို့အားနားလည်သဘော ပေါက်စေလော့။ ဆုံးမလော့။ အားပေးတိုက်တွန်း လော့။ စိတ်ရှည်စွာသွန်သင်လော့။- Garrad Bible အ ခါ အ ခွင့် တော် မ တော်၌ အ သင့် ရှိ လျက် ခပ် သိမ်း သော စိတ် ရှည် ခြင်း၊ သင် ကြား ခြင်း နှင့် တ ကွ အ ပြစ် ဖော် ပြ၍ ဆုံး မ နှိုး ဆော် လော့။ Judson Bible နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။ |
အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်၌ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောပါပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် မိမိနှုတ်ကိုပိတ်၍မနေကြောင်း ကိုယ်တော်သိတော်မူပါ၏။
“သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမိန့်မှာသောသတင်းစကားများကို ထိုမြို့အား ပြောကြားလော့”ဟု မိန့်ဆို၏။
သူတို့သည် ယေရှုထံသို့ရောက်လာ၍ “သူ့အတွက် ထိုသို့ကိုယ်တော်ပြုပေးခြင်းကို သူခံထိုက်ပါသည်။
ကိုယ်တော်ကလည်း“လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ။ သင်မူကား သွား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောလော့”ဟု မိန့်တော်မူ၏။
ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။
ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ထွက်၍ ဆုတောင်းပတ္ထနာပြုသောနေရာရှိမည်ဟုထင်ရသည့် မြစ်ကမ်းနားသို့သွားလျက် ထိုနေရာ၌ထိုင်ပြီးလျှင် စုဝေးလာကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။
ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
စေလွှတ်ခြင်းမခံရလျှင် မည်သို့ဟောပြောနိုင်မည်နည်း။ “ကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ဖွယ်သတင်းကိုဟောပြောသောသူများ၏ခြေတို့သည် အလွန်တင့်တယ်စွတကား”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
မျှော်လင့်ခြင်း၌ဝမ်းမြောက်လျက် ဆင်းရဲဒုက္ခကိုသည်းခံကာ ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြည့်အဝဟောပြောစေရန် သင်တို့အတွက် ငါ့အားပေးတော်မူသော ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်အညီ ငါသည် ထိုအသင်းတော်၏အမှုတော်ဆောင်ဖြစ်လာ၏။
ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။
သင်တို့သည်လည်း များစွာသောဆင်းရဲဒုက္ခထဲ၌ သန့်ရှင်းသောဝိညာဉ်တော်ထံမှရရှိသောဝမ်းမြောက်ခြင်းဖြင့် နှုတ်ကပတ်တော်ကိုလက်ခံ၍ ငါတို့နှင့်သခင်ဘုရားကို အတုယူသူများဖြစ်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
ငါလာသည့်တိုင်အောင် ကျမ်းစာဖတ်ကြားခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် သွန်သင်ခြင်းတို့ကို ဂရုစိုက်လုပ်ဆောင်လော့။
ကျန်သောသူတို့သည်လည်း ကြောက်ရွံ့ခြင်းရှိကြစေရန် အပြစ်ပြုသောသူတို့ကို အားလုံးရှေ့၌ ဆိုဆုံးမလော့။
သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
သို့သော် သင်သည် ငါ၏သွန်သင်ချက်၊ အသက်ရှင်နေထိုင်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌လည်းကောင်း၊
ဤသက်သေခံချက်သည်မှန်ပေ၏။ ထို့ကြောင့် ဂျူးလူမျိုးတို့၏ဒဏ္ဍာရီများနှင့် သမ္မာတရားကိုစွန့်ပယ်သောသူတို့၏ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာ၌ မှန်ကန်ပြည့်စုံမှုရှိကြရန် သူတို့ကို ပြင်းထန်စွာဆိုဆုံးမလော့။
သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံကြရန် သင်တို့အား ငါတောင်းပန်၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။