သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။
၂ တိ 2:9 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။ Common Language Bible ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။- Garrad Bible ထို ဟော ချက် အ တွက် ငါ သည် လူ ဆိုး ကဲ့ သို့ အ ချုပ် အ နှောင် တိုင် အောင် ဒု က္ခ ခံ ရ၏။ ဘု ရား သ ခင့် တ ရား တော် မူ ကား အ ချုပ် အောက် ၌ ရှိ နေ သည် မ ဟုတ်။ Judson Bible ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။ |
သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။
ထိုအခါ တပ်မှူးကြီးသည် အနီးသို့ရောက်လာ၍ ပေါလုကိုဖမ်းဆီးကာ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေးပြီးလျှင် ပေါလုသည် မည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို မေးမြန်းလေ၏။
မည်သည့်အတားအဆီးမျှမရှိဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်ခြင်းအပြည့်အဝဖြင့် ဟောပြောကာ သခင်ယေရှုခရစ်တော်၏အကြောင်းများကို သွန်သင်လေ၏။
သူသည် ငါ၏နာမအတွက် မည်မျှ ဒုက္ခဝေဒနာခံစားရမည်ကို သူ့အား ငါပြသမည်”ဟု မိန့်တော်မူ၏။
ထိုအကြောင်းကြောင့် ငါပေါလုသည် သင်တို့လူမျိုးခြားများအတွက် ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားဖြစ်၏။
အခြားသောသူတို့မူကား ငါအချုပ်အနှောင်ခံရခြင်း၌ ဆင်းရဲဒုက္ခကို ပိုမိုများပြားစေလိုသောအကြံနှင့် ရိုးသားသောစိတ်အားဖြင့်မဟုတ်ဘဲ တုပြိုင်လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ ငါခံရသောအချုပ်အနှောင်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏နှုတ်ကပတ်တရားသည် သင်တို့ထံမှ မာကေဒေါနိပြည်နှင့်အခါယပြည်သို့ ပဲ့တင်ထပ်သွားခဲ့သည်သာမက ဘုရားသခင်အပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းအကြောင်းသည်လည်း နေရာအနှံ့သို့ ပျံ့နှံ့လေပြီဖြစ်သောကြောင့် ငါတို့၌ပြောစရာတစ်စုံတစ်ခုမျှမရှိ။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သခင်ဘုရား၏နှုတ်ကပတ်တော်သည် သင်တို့၌ဖြစ်သကဲ့သို့ လျင်မြန်စွာပျံ့နှံ့၍ ဘုန်းတော်ထင်ရှားမည့်အကြောင်းနှင့်
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
သခင်ဘုရားသည် ဩနေသိဖော်၏မိသားစုအပေါ် ကရုဏာသက်တော်မူပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ငါ့ကို အကြိမ်ကြိမ်နှစ်သိမ့်လန်းဆန်းစေပြီး သံကြိုးဖြင့် ငါချည်နှောင်ထားခြင်းခံရသည်ကို ရှက်ကြောက်ခြင်းမရှိဘဲ
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။
သင်တို့တွင် လူသတ်သမားအဖြစ်ဖြစ်စေ၊ သူခိုးအဖြစ်ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ်ဖြစ်စေ၊ သူတစ်ပါးအမှု၌ ဝင်ရောက်စွက်ဖက်သူအဖြစ်ဖြစ်စေ ဒုက္ခဝေဒနာခံစားရမည့်သူ တစ်စုံတစ်ဦးမျှမရှိစေနှင့်။