လုကာ 23:32 - မြန်မာ့စံမီသမ္မာကျမ်း32 သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible32 လူတို့သည်ရာဇဝတ်သင့်သူလူနှစ်ယောက်ကို လည်းကိုယ်တော်နှင့်အတူသတ်ရန်ထုတ်ဆောင် သွားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible32 လူ ဆိုး ဖြစ် သော အ ခြား နှစ် ယောက် ကို ကိုယ် တော် နှင့် အ တူ ကွပ် မျက် ရန် ထုတ် သွား လျက်၊ အခန်းကိုကြည့်ပါ။Judson Bible32 ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း32 လူတို့သည် အခြားသော ရာဇဝတ်သားနှစ်ဦးကိုလည်း ကိုယ်တော်နှင့်အတူ သေဒဏ်ပေးရန် ခေါ်ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ32 ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။