လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။
၂ တိ 2:21 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။ Common Language Bible ဖော်ပြခဲ့သည့်မကောင်းမှုများကိုရှောင်ကြဉ် သူသည် မိမိသခင်အတွက်ဆက်ကပ်ထား၍ အသုံးဝင်သူ၊ ကောင်းမြတ်သည့်အမှုအရာ မှန်သမျှကိုလုပ်ဆောင်ရန်အသင့်ရှိသူဖြစ် သဖြင့်အထူးအသုံးပြုခြင်းကိုခံရလိမ့် မည်။- Garrad Bible ယုတ် သော အ သုံး အ ဆောင် များ နှင့် ကိုယ် ကို ကင်း စေ သူ သည် ကောင်း ရာ အ မျိုး မျိုး အ ဖို့ အ သင့် ရှိ လျက် အိမ့် ရှင် အ သုံး ပြု ထိုက် ရန် သန့် ရှင်း သော အ သုံး အ ဆောင် မြတ် ဖြစ် လိမ့် မည်။ Judson Bible သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူ မည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဖို့ အလိုငှာ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် အထက်ပါမကောင်းသောအကျင့်တို့ကို ဖယ်ရှားလျှင် သူသည် အိမ်ရှင်အတွက် သန့်ရှင်း၍ အသုံးဝင်သည့် ဂုဏ်သရေရှိအသုံးအဆောင်၊ ကောင်းသောအရာများအတွက် ပြင်ဆင်သောအသုံးအဆောင် ဖြစ်လာမည်။ |
လူငယ်သည် မိမိ၏ဘဝလမ်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်းဟူမူကား ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း စောင့်ထိန်းရမည်ဖြစ်၏။
ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
ထို့ကြောင့် ထာဝရဘုရားက “သင်ပြန်လာလျှင် သင့်ကို ငါလက်ခံမည်။ ငါ့ရှေ့၌ သင်ရပ်ရလိမ့်မည်။ အကျိုးမဲ့သောစကားထက် အကျိုးရှိသောစကားကိုပြောလျှင် သင်သည် ငါ၏နှုတ်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်မသွားရ။ သူတို့သည် သင်ရှိရာသို့ ပြန်လာကြလိမ့်မည်။
ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
သင်တို့သည် တဆေးမဲ့ဖြစ်ကြသည်နှင့်အညီ အသစ်သောမုန့်ညက်ဖြစ်နိုင်ရန် တဆေးဟောင်းကိုဖယ်ရှားကြလော့။ အကြောင်းမူကား ငါတို့၏ပသခါပွဲတော်အတွက် သိုးသငယ်တည်းဟူသောခရစ်တော်သည် အသေသတ်ခြင်းကိုခံခဲ့ရလေပြီ။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။
ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။
လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူခေါ်ဆောင်လာခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အတွက် အမှုတော်လုပ်ငန်း၌ အသုံးဝင်သူဖြစ်၏။
အုပ်ချုပ်သူများနှင့်အာဏာပိုင်များကို နာခံလျက် ထိုသူတို့၏စကားကိုနားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှုရှိသမျှတို့အတွက် အသင့်ရှိရန်လည်းကောင်း၊
ငါတို့၏လူများသည်လည်း အသီးမသီးသောသူမဖြစ်မည့်အကြောင်း အရေးတကြီးလိုအပ်သောအရာများအတွက် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။