လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
၁ ရာ 15:33 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။ Common Language Bible ထိုအခါရှမွေလက``သင်၏ဋ္ဌားဖြင့်မိခင် အများပင် မိမိတို့၏သားများကိုဆုံးရှုံးခဲ့ရ ကြ၏။ သို့ဖြစ်၍ယခုသင့်မိခင်သည်လည်းသူ ၏သားဆုံးရှုံးရပေတော့အံ့'' ဟုဆိုကာအာ ဂတ်အားဂိလဂါလမြို့ယဇ်ပလ္လင်ရှေ့တွင်အ ပိုင်းပိုင်းခုတ်ဖြတ်လိုက်လေသည်။ Garrad Bible ရှ မွေ လ က၊ သင့် ဓား ဘေး ဖြင့် မိန်း မ များ တို့ သား ဆုံး ရ သည့် နည်း တူ သင့် အ မိ လည်း သား ဆုံး သော မိန်း မ ဖြစ် ရ လိမ့် မည် ဟု မိန့် ဆို လျက် ဂိ လ ဂါ လ မြို့ တွင် ထာ ဝ ရ ဘု ရား မျက် မှောက်၌ အာ ဂတ် မင်း ကို ကွပ် မျက် လေ ၏။ Judson Bible ရှမွေလက၊ မိန်းမများတို့သည် သင်၏ဓားကြောင့် သားဆုံးသကဲ့သို့၊ သင်၏အမိသည် သားဆုံးသော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။ |
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
ထိုအခါ ဧလိယက လူတို့အား “ဗာလဘုရား၏ပရောဖက်တို့ကို ဖမ်းဆီးပါ။ တစ်ယောက်မျှမလွတ်စေနှင့်”ဟု ဆိုလျှင် လူတို့က သူတို့ကို ဖမ်းဆီးလေ၏။ ဧလိယသည် သူတို့ကို ကိရှုန်ချောင်းသို့ခေါ်သွားပြီး ထိုအရပ်၌ ကွပ်မျက်လိုက်လေ၏။
မောရှေသည် သူ၏လက်ကိုမြှောက်သောအခါ အစ္စရေးလူမျိုးတို့နိုင်၍ သူ၏လက်ကိုချသောအခါ အာမလက်လူမျိုးတို့နိုင်လေ၏။
ထာဝရဘုရား၏ဓားတော်သည် သွေးနှင့်ဝပြီ၊ အဆီနှင့်အီပြီ။ သိုးသငယ်နှင့်ဆိတ်ထီးတို့၏သွေး၊ သိုးထီးတို့၏ကျောက်ကပ်အဆီတို့နှင့် ဝအီလေပြီ။ အကြောင်းမူကား ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပူဇော်ပွဲ၊ ဧဒုံပြည်၌ ကြီးမားသောသားသတ်ပွဲ ကျင်းပတော်မူပြီ။
ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
ထိုအခါ တောင်ပေါ်ဒေသ၌ နေထိုင်နှင့်သောခါနာန်လူမျိုးနှင့် အာမလက်လူမျိုးတို့သည် ဆင်းလာ၍ သူတို့ကို တိုက်ခိုက်ကြ၏။ ဟောမာအရပ်တိုင်အောင် သူတို့ကို လိုက်လံချေမှုန်းကြ၏။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
ဂိလဂါလမြို့သို့ သင်ကြိုဆင်းသွားနှင့်လော့။ နောက်မှ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များကိုပူဇော်ရန် ငါလာခဲ့မည်။ ငါမရောက်မီ ခုနစ်ရက်စောင့်နေလော့။ ငါရောက်လျှင် သင်ပြုရမည့်အရာကို ပြောပြမည်”ဟု ဆိုလေ၏။
ရှမွေလက “အာမလက်ဘုရင်အာဂတ်မင်းကြီးကို ငါ့ထံခေါ်ခဲ့လော့”ဟု ဆိုလျှင် အာဂတ်သည် “ခါးသီးသောသေခြင်းဘေးမှ လွတ်ပြီ”ဟု တွေးလျက် ဝမ်းသာအားရနှင့် ရှမွေလထံသို့ လာခဲ့၏။