ထို့ကြောင့် ဧသောသည် ဣရှမေလထံသို့သွား၍ မိမိ၌ရှိသောမယားတို့အပြင် အာဗြဟံသားဣရှမေလ၏သမီး၊ နဗာယုတ်၏နှမ မဟာလတ်နှင့် အိမ်ထောင်ပြုလေ၏။
၁ ရာချုပ် 1:29 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏သားစဉ်မြေးဆက်များမှာ ဣရှမေလ၏သားဦး နဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ Common Language Bible ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊- Garrad Bible သား စဉ် မြေး ဆက် ဟူ မူ ကား ဣ ရှ မေ လ သား ဦး န ဗာ ယုတ်။ Judson Bible ဣရှမေလသားအကြီးကား နဗာယုတ်၊ နဗာယုတ်ညီ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ |
ထို့ကြောင့် ဧသောသည် ဣရှမေလထံသို့သွား၍ မိမိ၌ရှိသောမယားတို့အပြင် အာဗြဟံသားဣရှမေလ၏သမီး၊ နဗာယုတ်၏နှမ မဟာလတ်နှင့် အိမ်ထောင်ပြုလေ၏။
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
ကေဒါအမျိုး လေးစစ်သည်တို့၏အရေအတွက်သည်လည်း အနည်းငယ်သာ ကြွင်းကျန်လိမ့်မည်။ အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ”ဟု မိန့်တော်မူ၏။
ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။