ငါသည် တရားမျှတမှုကို မျဉ်းကြိုးဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို မှန်ထုပ်ဖြစ်စေမည်။ မိုးသီးသည် လိမ်လည်မှုတို့ခိုလှုံရာအရပ်ကို ဖယ်ရှားမည်။ ရေသည် ပုန်းခိုရာအရပ်ကိုလွှမ်းမိုးမည်။
၁ ကော 3:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူပြုလုပ်သောအရာသည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် ၎င်းကိုထင်ရှားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် မီးအားဖြင့်ပေါ်ထွန်းလာ၍ လူတစ်ဦးစီပြုလုပ်သောအရာသည် မည်ကဲ့သို့ပြုလုပ်ထားသည်ကို မီးသည်စစ်ဆေးလိမ့်မည်။ Common Language Bible ထိုသူတစ်ယောက်စီ၏တည်ဆောက်မှုအရည် အသွေးသည် ခရစ်တော်ကြွလာတော်မူရာနေ့ ၌သိသာထင်ရှားလိမ့်မည်။ ထိုနေ့၌မီးလျှံ သည်လူတိုင်း၏အလုပ်ကိုထင်ပေါ်စေလိမ့်မည်။ ထိုမီးသည်လူအသီးသီးတို့၏အလုပ် အရည်အသွေးကိုစစ်ဆေးပေးလိမ့်မည်။- Garrad Bible အ သီး အ သီး၏ အ လုပ် သည် ပေါ် ရ လ တ္တံ့။ အ သီး အ သီး ၏ အ လုပ် ကို မည် သည့် အ ရည် ဖြစ် ကြောင်း နေ့ တော် မီး စံ ချ သည့် အ လျောက် မီး၌ ထင် ရှား မည့် နေ့ ရက် တော် သည် ဖော် ပြ လိမ့် မည်။ Judson Bible အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူအသီးသီးတို့၏ လုပ်ဆောင်မှုသည် ပေါ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာနေ့၌ ထိုသူတို့၏ လုပ်ဆောင်မှုကို မီးသည် ဖော်ပြမည်ဖြစ်သောကြောင့်ပင်။ ထိုမီးသည် လူအသီးသီးတို့၏ လုပ်ဆောင်မှုအရည်အသွေးရှိမရှိကို စစ်ဆေးလိမ့်မည်။ |
ငါသည် တရားမျှတမှုကို မျဉ်းကြိုးဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို မှန်ထုပ်ဖြစ်စေမည်။ မိုးသီးသည် လိမ်လည်မှုတို့ခိုလှုံရာအရပ်ကို ဖယ်ရှားမည်။ ရေသည် ပုန်းခိုရာအရပ်ကိုလွှမ်းမိုးမည်။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
အိပ်မက်နိမိတ်ရသောပရောဖက်သည် သူ့အိပ်မက်ကို ဟောပါစေ။ နှုတ်ကပတ်တော်ကိုရသောသူသည် နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပါစေ။ အဖျင်းနှင့်စပါး မည်သို့ဆိုင်သနည်း”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါတရားစီရင်သောနေ့၌ ထိုသူတို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ ဖခင်၏အမှုကို ဆောင်သောသားအား ဖခင်က ကရုဏာထားသကဲ့သို့ သူတို့ကို ငါကရုဏာထားမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော် ကြွလာမည့်နေ့တွင် မည်သူသည် ခံရပ်နိုင်မည်နည်း။ ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ မည်သူသည် ရပ်တည်နိုင်မည်နည်း။ ကိုယ်တော်သည် ငွေကိုချွတ်သောမီး၊ အဝတ်ဖွတ်သောဆပ်ပြာ နှင့်တူ၏။
သင်တို့အား ငါအမှန်ဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံနှင့်ဂေါမောရမြို့တို့သည် ထိုမြို့ထက် ခံသာကြလိမ့်မည်။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
ဤသည်ကား များစွာသောသူတို့၏စိတ်နှလုံးတွေးတောကြံစည်မှုများသည် ထင်ရှားလာမည့်အကြောင်းတည်း။ သင်၏နှလုံးကိုလည်း သန်လျက်သည်ထိုးဖောက်လိမ့်မည်”ဟု ဆိုလေ၏။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
တစ်စုံတစ်ဦးသည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတို့ဖြင့် တည်ဆောက်လျှင်
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
ထိုနေ့ရက်၌ သခင်ဘုရားထံတော်မှ ကရုဏာတော်ခံစားရသောအခွင့်ကို သခင်ဘုရားသည် သူ့အားပေးတော်မူပါစေသော။ ဧဖက်မြို့၌ရှိစဉ်ကလည်း သူသည် ငါ့ကို မည်မျှလုပ်ကျွေးပြုစုခဲ့သည်ကို သင်ကောင်းစွာသိ၏။
သူတို့သည် နောက်ထပ်တိုး၍ တက်လှမ်းနိုင်ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား သူတို့၏မိုက်မဲမှုသည် ထိုသူနှစ်ဦးတို့၏မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့၌ ပေါ်လွင်ထင်ရှားလာလိမ့်မည်။
ယခုအခါတွင် ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အတွက် အသင့်ရှိနေ၏။ ထိုနေ့၌ ဖြောင့်မတ်သည့်တရားစီရင်သူဖြစ်တော်မူသော သခင်ဘုရားသည် ထိုသရဖူကို ငါ့အားပေးတော်မူလိမ့်မည်။ ငါ့ကိုသာမဟုတ်ဘဲ ကိုယ်တော်၏ပေါ်ထွန်းတော်မူခြင်းကို လိုလားတောင့်တသူအားလုံးတို့ကိုလည်း ပေးတော်မူလိမ့်မည်။
အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
ချစ်ရသောသူတို့၊ သင်တို့ကို စမ်းသပ်စစ်ဆေးရန် သင်တို့ထံကျရောက်လာသည့်ဒုက္ခမီးကို သင်တို့၌ ထူးဆန်းသောအရာဖြစ်ပျက်လာသကဲ့သို့ အံ့ဩခြင်းမရှိဘဲ
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။