အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 1:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​မဲ့​မှု​ဟု​ထင်​ရ သော​အ​ရာ​သည် လူ​တို့​ဉာဏ်​ပ​ညာ​ရှိ​မှု​ထက် ပို​၍​ထက်​မြက်​၏။ ဘု​ရား​သခင်​၏​အား​နည်း​မှု ဟု​ထင်​ရ​သော​အ​ရာ​သည်​လူ​တို့​၏​စွမ်း​သန် မှု​ထက်​ပို​၍​အား​ကြီး​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင်၏ မိုက် မဲ ခြင်း သည် လူ တို့ ပ ညာ ထက် ကောင်း၏။ ဘု ရား သ ခင်၏ အား နည်း ခြင်း လည်း လူ တို့ ခွန် အား ထက် သန် စွမ်း ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဘု​ရား​သ​ခင်၏ မိုက်​မဲ​ခြင်း​အ​ရာ​သည် လူ​တို့၏ ပ​ညာ​ထက်​သာ၍ ပ​ညာ​ရှိ၏။ ဘု​ရား​သ​ခင်၏ အား​နည်း​ခြင်း​အ​ရာ​သည် လူ​တို့၏ အ​စွမ်း​ထက်​သာ၍ အ​စွမ်း​ရှိ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏ မိုက်မဲခြင်း​သည် လူတို့​၏​ပညာရှိခြင်း​ထက် ပို​၍ ပညာရှိ​သောကြောင့်​ဖြစ်၏။ ဘုရားသခင်​၏ အားနည်းခြင်း​သည်လည်း လူတို့​၏​ခွန်အားကြီးခြင်း​ထက် ပို​၍ ခွန်အား​ကြီး၏။

အခန်းကိုကြည့်ပါ။



၁ ကော 1:25
16 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တို့​ကို ဖာရော​မင်းကြီး​လွှတ်ပေး​သောအခါ ဘုရားသခင်​က “ဤ​လူမျိုး​သည် စစ်မှု​နှင့်​တွေ့​လျှင် စိတ်ပြောင်းသွား​၍ အီဂျစ်​ပြည်​သို့ ပြန်သွား​လိမ့်မည်”​ဟု ဆို​ပြီး ဖိလိတ္တိ​ပြည်​ဘက်​သွား​သော​လမ်း​သည် နီး​သော်လည်း သူ​တို့​အား ထို​လမ်း​ဖြင့်​ပို့ဆောင်​တော်​မ​မူ​ပေ​။


အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။


ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။


အကြောင်းမူကား ကိုယ်တော်​သည် အားနည်း​ခြင်း​ထဲတွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​သော်လည်း ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် အသက်ရှင်​တော်မူ​၏။ ထိုနည်းတူ ငါ​တို့​သည်​လည်း ကိုယ်တော်​၌ အားနည်း​ကြ​သော်လည်း သင်​တို့​ရှေ့၌ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကိုယ်တော်​နှင့်အတူ အသက်ရှင်​ကြ​လိမ့်မည်။