ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။
ဧသတာ 5:4 - မြန်မာ့စံမီသမ္မာကျမ်း ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် အရှင်မင်းကြီးအတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်နှင့်အတူ ကြွရောက်တော်မူပါ”ဟု လျှောက်လေ၏။ Common Language Bible ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။ Garrad Bible ဧ သ တာ က၊ ဘု ရင် မင်း သ ဘော တော် မြတ် ပါ မူ၊ ဘု ရင် မင်း အ ဖို့ ကျွန် မ ယင် သော စား သောက် ပွဲ သို့၊ ဟာ မန် နှင့် တ ကွ၊ ယ နေ့ ကြွ တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ |
ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။
ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။
မိဖုရားဝါရှတိသည်လည်း အာရွှေရုမင်းကြီး၏တော်ဝင်နန်းတွင်းတွင် မောင်းမမိဿံများအတွက် စားသောက်ပွဲကျင်းပပေး၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
ထိုအခါ ရှင်ဘုရင်က “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းဆိုသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်က “ဧသတာတောင်းဆိုသည့်အတိုင်း ပြုနိုင်ရန် ဟာမန်ကိုအလျင်အမြန်ခေါ်ခဲ့လော့”ဟု အမိန့်ပေး၏။ ထို့နောက် ရှင်ဘုရင်သည် ဟာမန်နှင့်အတူ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ကြွလေ၏။
အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။