ဧသတာ 5:4 - Common Language Bible4 ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ဧ သ တာ က၊ ဘု ရင် မင်း သ ဘော တော် မြတ် ပါ မူ၊ ဘု ရင် မင်း အ ဖို့ ကျွန် မ ယင် သော စား သောက် ပွဲ သို့၊ ဟာ မန် နှင့် တ ကွ၊ ယ နေ့ ကြွ တော် မူ ပါ ဟု လျှောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible4 ဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် အရှင်မင်းကြီးအတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်နှင့်အတူ ကြွရောက်တော်မူပါ”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။-
မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။