သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။
ဧသတာ 3:5 - မြန်မာ့စံမီသမ္မာကျမ်း ဟာမန်သည် မိမိအား မော်ဒကဲ မညွတ်တွား မခယကြောင်းကို သိရှိသောအခါ အမျက်ဒေါသပြင်းစွာထွက်လေ၏။ Common Language Bible ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။- Garrad Bible ထို သို့ မော် ဒ ကဲ ဦး မ ညွှတ် ရှိ မ ခိုး ကြောင်း ဟာ မန် သိ၍၊ ဒေါ သ ထွက် သော် လည်း၊ Judson Bible ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက်ထွက်၍၊ |
သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။
ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းအပေါင်းတို့သည် ဘုရင့်အမိန့်တော်အတိုင်း ဟာမန်ကိုညွတ်တွားခယကြ၏။ သို့သော် မော်ဒကဲသည် ဟာမန်ကိုမညွတ်တွား မခယပေ။
မော်ဒကဲက မိမိသည် ဂျူးလူမျိုးဖြစ်ကြောင်းကို ပြောပြထားပြီးဖြစ်၍ ထိုသူတို့ နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း မကြားချင်ယောင်ဆောင်နေ၏။ ထိုအခါ မော်ဒကဲ၏လုပ်ရပ်ကိုသည်းခံမည်၊ မသည်းခံမည်ကို သိလို၍ ထိုသူတို့သည် ဟာမန်အားပြောပြကြ၏။
ထိုနေ့၌ ဟာမန်သည် စိတ်နှလုံးဝမ်းမြောက်ရွှင်မြူးလျက် ပြန်လာ၏။ သို့သော် ဘုရင့်နန်းတော်တံခါးသို့ရောက်လျှင် မော်ဒကဲသည် မတ်တတ်မရပ်၊ သူ့အား မကြောက်ရွံ့ မရိုသေသည်ကို မြင်သောအခါ ဟာမန်သည် မော်ဒကဲအား ပြင်းစွာအမျက်ထွက်လေ၏။
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
အမျက်ဒေါသကြီးမားသောသူသည် အပြစ်ဒဏ်ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင်လည်း နောက်တစ်ဖန်ထပ်၍ ကယ်နုတ်ရဦးမည်။
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
မိုက်မဲသောသူအား အလွန်မြင့်သောနေရာကိုပေး၍ ချမ်းသာသောသူတို့သည် နိမ့်ပါးသောနေရာ၌ထိုင်နေရခြင်းဖြစ်၏။
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အား အမျက်ပြင်းစွာထွက်၍ မျက်စိမျက်နှာပျက်လေ၏။ ထို့ကြောင့် မီးပြင်းဖိုကို ပုံမှန်ထက်ခုနစ်ဆတိုး၍ပူစေရန် အမိန့်ပေးလေ၏။