ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
ဧဖက် 5:27 - မြန်မာ့စံမီသမ္မာကျမ်း အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။ Common Language Bible အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အစွန်းအထင်း၊ အတွန့်အကြေတို့နှင့် အခြားထိုသို့သောအနာအဆာ တစ်စုံတစ်ခုမျှ မရှိဘဲ သန့်ရှင်းလျက် အပြစ်ကင်းသည့် ဂုဏ်သရေရှိသော အသင်းတော်အဖြစ် မိမိထံ ဆက်သရန် ဖြစ်၏။ |
ရှင်ဘုရင်၏သမီးတော်သည် ဂုဏ်ကျက်သရေအပေါင်းနှင့်ပြည့်စုံလျက် အတွင်းဆောင်၌ရှိ၏။ သူ၏အဝတ်တန်ဆာကို ရွှေချည်ဖြင့်ရောစပ်ရက်လုပ်ထား၏။
အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
သင်သည် ထာဝရဘုရားလက်တော်မှ တင့်တယ်သောသရဖူ၊ သင်၏ဘုရားသခင်လက်တော်မှ တော်ဝင်သရဖူဖြစ်လိမ့်မည်။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး
ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။
ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။
သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။
ဘုရားသခင်၏မေတ္တာတော်၌ မိမိကိုယ်ကိုစောင့်ထိန်း၍ ထာဝရအသက်သို့ပို့ဆောင်သည့် ငါတို့သခင်ယေရှုခရစ်တော်၏ကရုဏာတော်ကို စောင့်မျှော်ကြလော့။
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။