ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
ဧဖက် 1:4 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး Common Language Bible ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊- Garrad Bible ထို အ ကြံ တော် နှင့် ကိုယ် တော် သည် စေ တ နာ သ ဘော တော် အ လျောက် မြတ် နိုး တော် မူ သော၊ သား တော် အား ဖြင့် သ နား တော် မူ သော ကျေး ဇူး တော်၏ ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ယေ ရှု ခ ရစ် အား ဖြင့် ကိုယ် တော်၏ သား အ ဖြစ် ငါ တို့ ကို မေ တ္တာ တော်၌ တင် ရင် မှတ် သား လျက် ရှေ့ တော် တွင် သန့် ရှင်း စင် ကြယ် ရာ ရောက် ကြ စေ ခြင်း ငှါ ဤ လော က မ တည် မီ ရွေး ကောက် တော် မူ လေ ပြီ။ Judson Bible ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်း၍ အပြစ်ကင်းသောသူများ ဖြစ်နိုင်ရန် ဘုရားသခင်သည် ကမ္ဘာမတည်ရှိမီကပင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ရွေးချယ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက် |
ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်လျက် သခင်ဘုရား၏နှုတ်ကပတ်တရားကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရှိရန် သတ်မှတ်ထားခြင်းခံရသောသူရှိသမျှတို့သည်လည်း ယုံကြည်ကြ၏။
ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။
အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ မည်သူမျှ သင့်ကို မတရားနှိပ်စက်၍ ထိခိုက်စေမည်မဟုတ်။ ဤမြို့တွင် ငါနှင့်ဆိုင်သောလူ များစွာရှိ၏”ဟု မိန့်တော်မူ၏။
မည်သူသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို ပြစ်တင်စွဲဆိုမည်နည်း။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုများကိုပြုရန် ခရစ်တော်ယေရှု၌ဖန်ဆင်းခြင်းခံရသော ဘုရားသခင်၏လက်ရာတော်ဖြစ်ကြ၏။ ထိုကောင်းသောအမှုများ၌ ငါတို့အသက်ရှင်လျှောက်လှမ်းကြရန် ဘုရားသခင်သည် ထိုအမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူ၏။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
အရာရာ၌ စိတ်နှိမ့်ချခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းအပြည့်အဝရှိလျက် စိတ်ရှည်စွာဖြင့် ချစ်ခြင်းမေတ္တာ၌ တစ်ဦးကိုတစ်ဦးသည်းခံကာ
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။
ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်သောမေတ္တာ၌လည်းကောင်း၊ လူအပေါင်းတို့ကိုချစ်သောမေတ္တာ၌လည်းကောင်း တိုးပွား၍ ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
ကိုယ်တော်သည် ကမ္ဘာမတည်မရှိမီကပင် သိမှတ်ခွဲခန့်ထားခြင်းခံရသော်လည်း ဤနောက်ဆုံးသောအချိန်ကာလ၌ သင်တို့အတွက်ပေါ်ထွန်းတော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။
ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီ အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲမှတက်လာ၍ ပျက်စီးခြင်းသို့ရောက်မည်ဖြစ်၏။ ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ထဲတွင် ကမ္ဘာတည်ချိန်မှစ၍ အသက်စာစောင်၌စာရင်းမဝင်သောသူတို့သည် ယခင်ကရှိခဲ့ပြီး ယခုမရှိ၊ မကြာမီရောက်လာမည့် ထိုသားရဲကိုမြင်လျက် အံ့ဩကြလိမ့်မည်။