အစ္စရေးအတွက် ကယ်တင်ခြင်းသည် ဇိအုန်မှပေါ်ထွန်းပါစေသော။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောမိမိလူမျိုးတော်ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ ယာကုပ်သည်ရွှင်လန်းပါစေ။ အစ္စရေးသည်ဝမ်းမြောက်ပါစေ။
ဟေရှာယ 46:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ဖြောင့်မတ်ခြင်းကို အနီးသို့ငါဆောင်ခဲ့ပြီ။ အဝေး၌ရှိသည်မဟုတ်။ ငါ၏ကယ်တင်ခြင်းသည် နှောင့်နှေးမည်မဟုတ်။ ကယ်တင်ခြင်းကို ဇိအုန်တောင်၌ ငါထားမည်။ ငါ၏ဂုဏ်ကျက်သရေကို အစ္စရေးလူမျိုးအား ငါပေးမည်။ Common Language Bible ငါသည်သင်တို့လွတ်မြောက်ရန်အချိန်ကာလ ကို နီးကပ်၍လာစေမည်။ ထိုကာလသည်လုံးဝမဝေးတော့ပြီ။ ငါသည်ကယ်တင်ခြင်းကျေးဇူးကိုလည်း ဆိုင်းငံ့၍ ထားလိမ့်မည်မဟုတ်။ ယေရုရှလင်မြို့ကိုငါကယ်တင်၍၊ ဣသရေလ အမျိုးသားတို့အားဂုဏ်အသရေရှိစေမည်။'' Garrad Bible အောင် မြင် တော် မူ ခြင်း ကို ငါ ချဉ်း ကပ် စေ ပြီ။ ဝေး ကွာ သည် မ ဟုတ်။ ကယ် တင် တော် မူ ခြင်း လည်း ဆိုင်း လင့် မည် မ ဟုတ်။ ဇိ အုန် တောင်၌ ကယ် တင် တော် မူ ခြင်း ကို လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး တို့၌ ဘုန်း တော် ကို လည်း ကောင်း ငါ တည် စေ မည်။ Judson Bible ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်းကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ကယ်တင်ခြင်းကျေးဇူးကိုလည်းကောင်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကိုလည်းကောင်း ငါထားမည်။ |
အစ္စရေးအတွက် ကယ်တင်ခြင်းသည် ဇိအုန်မှပေါ်ထွန်းပါစေသော။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောမိမိလူမျိုးတော်ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ ယာကုပ်သည်ရွှင်လန်းပါစေ။ အစ္စရေးသည်ဝမ်းမြောက်ပါစေ။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
မေတ္တာကရုဏာနှင့် သမ္မာတရားသည် တွေ့ဆုံကြပြီ။ ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အချင်းချင်းနမ်းကြပြီ။
ငါတို့ပြည်၌ ဘုန်းအသရေတည်စေရန် ကိုယ်တော်၏ကယ်တင်ခြင်းသည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့၏အနီး၌ အမှန်ပင်ရှိလေပြီ။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
သူတို့အားလုံးကို ငါ့နာမဖြင့် ငါခေါ်၏။ ငါ၏ဘုန်းအသရေအတွက် ငါဖန်ဆင်း၏။ ငါပုံဖော်ဖန်ဆင်း၍ ငါဖြစ်တည်စေ၏”ဟု မိန့်တော်မူ၏။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
အို မိုးကောင်းကင်၊ အထက်မှ တဖွဲဖွဲရွာချလော့။ မိုးတိမ်တို့သည် ဖြောင့်မတ်ခြင်းကို ရွာသွန်းပါစေ။ မြေကြီးသည် ပွင့်ဟ၍ ကယ်တင်ခြင်း သီးပွင့်ပါစေ။ ဖြောင့်မတ်ခြင်းလည်း ပေါက်ပါစေ။ ဤအမှုကို ငါထာဝရဘုရားဖန်ဆင်း၏။
ငါ၏ဖြောင့်မတ်ခြင်းသည် အနီးတွင်ရှိ၏။ ငါ၏ကယ်တင်ခြင်းသည် ထွက်လာပြီ။ ငါ့လက်ရုံးသည် လူမျိုးတို့ကိုတရားစီရင်မည်။ ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်၍ ငါ့လက်ရုံးကို မျှော်လင့်ကိုးစားကြလိမ့်မည်။
သင့်ကိုတိုက်ခိုက်ရန် ထုတ်လုပ်သောလက်နက်ရှိသမျှသည် အထမြောက်မည်မဟုတ်။ သင်နှင့်တရားဆိုင်၍ သင့်ကိုဆန့်ကျင်သောလျှာရှိသမျှတို့ကို သင်က အောင်နိုင်လိမ့်မည်။ ဤသည်ကား ထာဝရဘုရား၏အစေအပါးတို့ ရရှိသောအမွေ၊ ငါ့ထံမှရရှိသောဖြောင့်မတ်ခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “တရားမျှတခြင်းကိုစောင့်ထိန်း၍ ဖြောင့်မတ်စွာပြုကျင့်ကြလော့။ အကြောင်းမူကား ငါ၏ကယ်တင်ခြင်းသည် ရောက်လုနီးပြီ။ ငါ၏ဖြောင့်မတ်ခြင်းတရားသည်လည်း ထင်ရှားလုနီးပြီ။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
အကယ်စင်စစ် ကမ်းရိုးတန်းဒေသတို့သည် ငါ့ကိုစောင့်မျှော်ကြလိမ့်မည်။ သင့်ကို ဘုန်းထင်ရှားစေတော်မူပြီဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အတွက်၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်အတွက် တာရှုသင်္ဘောတို့သည် သင်၏သားတို့ကို သူတို့၏ရွှေငွေများနှင့်အတူ အဝေးမှ အဦးဆုံးခေါ်ဆောင်လာလိမ့်မည်။
မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ငါသည် ဇိအုန်မြို့အတွက် တိတ်တိတ်နေမည်မဟုတ်။ ဂျေရုဆလင်မြို့၏ဖြောင့်မတ်ခြင်းသည် တောက်ပသောအလင်းကဲ့သို့၊ ကယ်တင်ခြင်းသည် ထွန်းတောက်သောမီးရှူးတိုင်ကဲ့သို့ မထွက်ပေါ်မချင်း ငါသည် ငြိမ်နေမည်မဟုတ်။
ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် ကြားသိစေတော်မူပြီ။ ဇိအုန်သမီးပျိုအား “ကြည့်ရှုလော့။ သင့်ကိုကယ်တင်သောအရှင် လာနေပြီ။ ဆုလာဘ်သည် ကိုယ်တော်နှင့်အတူရှိ၏။ အဖိုးအခသည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏”ဟု ပြောကြားလော့။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
“ဤသို့ဖြင့် ငါသည် သန့်ရှင်းရာတောင်တော် ဇိအုန်တွင် ကိန်းဝပ်သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်။ ဂျေရုဆလင်မြို့သည် သန့်ရှင်းသောမြို့ ဖြစ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် ထိုမြို့ကို ဘယ်သောအခါမှ ကျော်နင်းခွင့်ရကြတော့မည်မဟုတ်။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
‘တောင်ပေါ်သို့တက်သွား၍ သစ်ကိုယူဆောင်လာပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ထိုအိမ်တော်ကိုငါနှစ်သက်၍ ငါ့ဘုန်းတော်ကိုလည်း ထင်ရှားစေမည်’ဟု ထာဝရဘုရားမိန့်ဆိုပြီ။
အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။
အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။
ဤသည်ကား ချစ်တော်မူသောသားတော်အားဖြင့် ငါတို့အားပေးသနားတော်မူသော မိမိကျေးဇူးတော်၏ဘုန်းတော်ကို ငါတို့ချီးမွမ်းကြမည့်အကြောင်းတည်း။
ထိုနေ့၌ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းကိုခံရပြီး ငါတို့၏သက်သေခံချက်ကို သင်တို့ယုံကြည်ကြသည်ဖြစ်၍ ယုံကြည်သူအပေါင်းတို့၏အံ့ဩချီးမွမ်းခြင်းကိုခံရလိမ့်မည်။
ဤသည်ကား ငါတို့၏ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် ငါတို့သခင်ယေရှု၏နာမတော်သည် သင်တို့၌ဘုန်းထင်ရှားစေခြင်းကိုခံရလျက် သင်တို့သည်လည်း ကိုယ်တော်၌ဘုန်းထင်ရှားစေခြင်းကိုခံရမည့်အကြောင်းတည်း။
အကြောင်းမူကား “ကြွလာတော်မူမည့်အရှင်သည် ကြန့်ကြာခြင်းမရှိဘဲ မကြာမီကြွလာတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် “ကြည့်ရှုလော့။ ရွေးကောက်ထားသည့် အဖိုးထိုက်သောထောင့်ချုပ်ကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ ဆိုထား၏။