သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့။
သူကြီး 9:49 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည်လည်း သစ်ကိုင်းကို ခုတ်ကြပြီးလျှင် အဘိမလက်နောက်သို့လိုက်သွား၍ သစ်ကိုင်းတို့ကို မြေအောက်ခန်းပေါ် ပုံထားကြ၏။ ထို့နောက် ထိုသစ်ကိုင်းများကို မီးရှို့သဖြင့် မြေအောက်ခန်းကို မီးလောင်လေ၏။ ရဲတိုက်ရှိ ရှေခင်လူယောက်ျား၊ မိန်းမ တစ်ထောင်ခန့်လည်း သေကြကုန်၏။ Common Language Bible သို့ဖြစ်၍လူတိုင်းပင်သစ်ကိုင်းတစ်ခုစီကို ခုတ်၍ အဘိမလက်၏နောက်ကလိုက်ပြီးလျှင် ခိုင်ခံ့သောအခန်းကိုမီးပုံရှို့ကြ၏။ ရဲတိုက် ထဲမှလူအပေါင်းတို့သည်သေကြကုန်၏။ ဤသူတို့၏အရေအတွက်မှာယောကျာ်း မိန်းမတစ်ထောင်ခန့်ရှိသတည်း။ Garrad Bible ပါ ရှိ သ မျှ သော သူ အ သီး အ သီး တို့ လည်း သစ် ကိုင်း ကို ခုတ် ဖြတ် ပြီး လျှင် အ ဘိ မ လက် နောက် က လိုက် လျက် မြေ တိုက် ကို ထို သစ် ကိုင်း များ ဖြင့် အုံ၍ မီး တိုက် ရာ မိန်း မ ယောက်ျား တစ် ထောင် ခန့် ရဲ တိုက် ရှိ သူ အ ပေါင်း တို့ သေ ကြ ကုန်၏။ Judson Bible သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တစ်ထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။ |
သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့။
အကြောင်းမူကား မနာလိုခြင်းနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းရှိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးညစ်သောအမှုအမျိုးမျိုးတို့ရှိတတ်၏။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်
အဘိမလက်နှင့် သူ့လူတို့သည် ဇာလမုန်တောင်သို့တက်သွားပြီးလျှင် အဘိမလက်သည် ပုဆိန်ဖြင့် သစ်ကိုင်းကိုခုတ်၍ ပခုံးပေါ်ထမ်းထား၏။ ထို့နောက် သူ့လူတို့ကို “ငါပြုသောအရာကို သင်တို့မြင်ပြီမဟုတ်လော။ ငါပြုသကဲ့သို့ သင်တို့ အလျင်အမြန်ပြုကြလော့”ဟု ဆို၏။
ထို့နောက် အဘိမလက်သည် သေဗက်မြို့သို့ ချီသွားပြီး တပ်ချကာ ထိုမြို့ကိုသိမ်းယူ၏။