Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 9:48 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 အဘိမလက်​နှင့် သူ့​လူ​တို့​သည် ဇာလမုန်​တောင်​သို့​တက်သွား​ပြီးလျှင် အဘိမလက်​သည် ပုဆိန်​ဖြင့် သစ်ကိုင်း​ကို​ခုတ်​၍ ပခုံး​ပေါ်​ထမ်း​ထား​၏​။ ထို့နောက် သူ့​လူ​တို့​ကို “​ငါ​ပြု​သော​အရာ​ကို သင်​တို့​မြင်​ပြီ​မ​ဟုတ်​လော​။ ငါ​ပြု​သကဲ့သို့ သင်​တို့ အလျင်အမြန်​ပြု​ကြ​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

48 မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 ပါ ရှိ သော ရဲ မက် တို့ နှင့် တ ကွ ဇာ လ မုန် တောင် သို့ တက် သွား ပြီး လျှင် ပု ဆိန် ကို ကိုင်၍ သစ် ကိုင်း ခုတ် ဖြတ် ထမ်း ဆောင် လျက် ပါ ရှိ သူ တို့ အား မြင် ခဲ့ ကြ ရာ ငါ့ အ မှု အ လျောက်၊ အ လျင် အ မြန် ပြု ကြ လော့ ဟု မှာ လိုက် သ ဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 ကိုယ်​တိုင်​မှ​စ၍ ပါ​သော​သူ​အ​ပေါင်း​တို့​သည် ဇ​လ​မုန်​တောင်​သို့ သွား​ပြီး​လျှင်၊ အ​ဘိ​မ​လက်​သည် ပု​ဆိန်​နှင့် သစ်​ခက်​ကို​ခုတ်၍ မိ​မိ​ပု​ခုံး​ပေါ်​မှာ တင်​ထမ်း​လျက်၊ ငါ​ပြု​သည်​ကို သင်​တို့ မြင်​သည်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​ကြ​လော့​ဟု လိုက်​သော​သူ​တို့​အား​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 9:48
7 ပူးပေါင်းရင်းမြစ်များ  

အနန္တတန်ခိုးရှင်​သည် ရှင်ဘုရင်​တို့​ကို ထို​အရပ်​တွင် ကွဲလွင့်​စေ​တော်မူ​သောအခါ ဇာလမုန်​တောင်​ပေါ်၌​နှင်းပွင့်​ကျ​လေ​၏​။


ဘုရားသခင်​၏​တောင်​တော်​သည် ဗာရှန်​တောင်​ဖြစ်​၏​။ တောင်​ထိပ်​များစွာ​ရှိ​သော ဗာရှန်​တောင်​ဖြစ်​၏​။


ရဲတိုက်​ထဲ၌ ရှေခင်​မြို့သား​အပေါင်း​တို့ စုဝေး​နေ​ကြ​ကြောင်း​ကို အဘိမလက် ကြား​သော်


လူ​အပေါင်း​တို့​သည်​လည်း သစ်ကိုင်း​ကို ခုတ်​ကြ​ပြီးလျှင် အဘိမလက်​နောက်သို့​လိုက်သွား​၍ သစ်ကိုင်း​တို့​ကို မြေအောက်ခန်း​ပေါ် ပုံ​ထား​ကြ​၏​။ ထို့နောက် ထို​သစ်ကိုင်း​များ​ကို မီးရှို့​သဖြင့် မြေအောက်ခန်း​ကို မီးလောင်​လေ​၏​။ ရဲတိုက်​ရှိ ရှေခင်​လူ​ယောက်ျား​၊ မိန်းမ တစ်ထောင်​ခန့်​လည်း သေ​ကြ​ကုန်​၏​။


အဘိမလက်​သည်​လည်း ရဲတိုက်​ကို သွားရောက်​တိုက်ခိုက်​၏​။ ရဲတိုက်​ကို​မီး​ရှို့​ရန် ရဲတိုက်​တံခါးဝ​သို့ ချဉ်းကပ်​လာ​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ