အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ အသက်ကြီးသောသူတို့ထက် ပို၍အသိဉာဏ်ရှိပါ၏။
သုတ္တံကျမ်း။ 28:5 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုပြုသောသူတို့သည် တရားမျှတမှုကိုနားမလည်ကြ။ ထာဝရဘုရားကိုရှာသောသူတို့မူကား အပြည့်အဝနားလည်ကြ၏။ Common Language Bible အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။ Garrad Bible ဆိုး သွမ်း တတ် သော သူ တို့ သည်၊ တ ရား သ ဖြင့် ပြု မူ ခြင်း ကို နား မ လည် တတ် ကြ။ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော သူ တို့ မူ ကား၊ အ ကုန် အ စင် နား လည် တတ် ကြ၏။ Judson Bible အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည်တတ်။ ထာဝရဘုရားကိုရှာသောသူမူကား၊ ခပ်သိမ်းသော စီရင်ခြင်းကို နားလည်တတ်၏။ |
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ အသက်ကြီးသောသူတို့ထက် ပို၍အသိဉာဏ်ရှိပါ၏။
ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်၏ရန်သူများထက် အကျွန်ုပ်ကို ပို၍ဉာဏ်ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အတူ အစဉ်အမြဲရှိပါ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
ဤအရာသည် အသိတရားမဲ့သောသူမသိနိုင်သကဲ့သို့ မိုက်မဲသောသူနားမလည်နိုင်သည့်အရာဖြစ်၏။
အသက်ရှင်ခြင်းလမ်းသည် ပညာသတိရှိသောသူကို အထက်အရပ်သို့ပို့ဆောင်ပေး၏။ ထိုသို့အားဖြင့် သူသည် အောက်မရဏာနိုင်ငံမှဖယ်ခွာနိုင်မည်ဖြစ်၏။
ထိုအခါ သင်သည် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ သမာသမတ်ရှိခြင်းနှင့် ကောင်းမြတ်သောလမ်းရှိသမျှတို့ကို နားလည်လိမ့်မည်။
ဆိုးမိုက်သောသူအတွက် ဉာဏ်ပညာသည် မြင့်မားလွန်း၏။ သူသည် မြို့တံခါး၌ မိမိနှုတ်ကိုမဖွင့်ပေ။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
ကိုယ်တော်ကလည်း “ဤလူမျိုးထံသွား၍ ‘သင်တို့သည် ကြားလျက်ပင် နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် သတိမမူဘဲ မြင်ကြလိမ့်မည်’ဟု ပြောလော့။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။
သင်တို့မူကား သန့်ရှင်းတော်မူသောအရှင်ထံမှ ဘိသိက်ကျေးဇူးကို ခံစားရသည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။