မိမိစိတ်နှလုံးကို ကိုးစားသောသူသည် မိုက်မဲသောသူဖြစ်၏။ ဉာဏ်ပညာအားဖြင့်လျှောက်လှမ်းသောသူမူကား ဘေးလွတ်လိမ့်မည်။
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
ကိုယ် စိတ် နှ လုံး၌ အား ကိုး သော သူ သည်၊ လူ မိုက် ဖြစ်၏။ ဉာဏ် ပ ညာ၌လျှောက် လိုက် သော သူ မူ ကား၊ ဘေး လွတ် တတ်၏။
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။
ဟာဇေလကလည်း ဧလိရှဲအား “ခွေးမျှသာအဆင့်ရှိသော အရှင့်အစေအပါးအကျွန်ုပ်က ဤအမှုကြီးကို အဘယ်သို့ပြုနိုင်ပါမည်နည်း”ဟု ပြန်လျှောက်လျှင် ဧလိရှဲက သူ့အား “သင်သည် ဆီးရီးယားဘုရင် ဖြစ်လာမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆို၏။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
မကောင်းသောလမ်းမှလည်းကောင်း၊ ဖောက်ပြန်လွဲမှားသောအရာတို့ကို ပြောဆိုတတ်သောသူတို့၏လက်မှလည်းကောင်း သင့်ကိုကယ်နုတ်လိမ့်မည်။
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားလော့။ မိမိ၏အသိဉာဏ်ကို အမှီမပြုနှင့်။
ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။
ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။