ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
သုတ္တံကျမ်း။ 16:8 - မြန်မာ့စံမီသမ္မာကျမ်း တရားသဖြင့်ရသော အမြတ်အစွန်းအနည်းငယ်သည် မတရားသဖြင့်ရသော အမြတ်အစွန်းများစွာထက် ပို၍ကောင်း၏။ Common Language Bible ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။ Garrad Bible မ တ ရား သ ဖြင့် ရ သော အ စီး အ ပွား များ စွာ ထက်၊ တ ရား သ ဖြင့် ရ သော အ နည်း ငယ် သည် သာ၍ မြတ် ၏။ Judson Bible ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သော ဥစ္စာအနည်းငယ်သည်၊ မတရားသဖြင့်ရသော ဥစ္စာအများထက်သာ၍ကောင်း၏။ |
ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
ဥစ္စာဘဏ္ဍာအနည်းငယ်သာရှိပြီး ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဥစ္စာဘဏ္ဍာများစွာရှိပြီး ရှုပ်ထွေးသောပြဿနာနှင့်ကြုံရခြင်းထက် ပို၍ကောင်း၏။
ချစ်ခြင်းမေတ္တာရှိရာအရပ်၌ ဟင်းသီးဟင်းရွက်ကိုစားရခြင်းသည် မုန်းတီးခြင်းရှိရာအရပ်၌ ဆူဖြိုးသောနွားကိုစားရခြင်းထက် ပို၍ကောင်း၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
လူ၏စိတ်နှလုံးသည် မိမိသွားရာလမ်းကို ကြံစည်တတ်၏။ သို့သော် ထာဝရဘုရားသည် သူ၏ခြေလှမ်းများကို တည့်မတ်စေတော်မူမည်။
ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသောသူသည် ကွေ့ကောက်သောလမ်းကိုလိုက်သည့် ချမ်းသာသောသူထက် ပို၍ကောင်း၏။
လက်တစ်ဆုပ်စာအေးချမ်းမှုသည် လက်ခုပ်တစ်ခုပ်စာကြိုးပမ်းအားထုတ်မှုနှင့် လေကိုလိုက်ဖမ်းခြင်းတို့ထက် ပို၍ကောင်း၏။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူ၏အိမ်တွင် မတရားယူထားသောဥစ္စာ ရှိသေးသလော။ အဝင်ချင်းမတူသောဧဖာ ရှိသေးသလော။