ထိုနေ့၌ပင် ဣဇက်၏အစေအပါးတို့သည် လာ၍ “အကျွန်ုပ်တို့သည် ရေကိုရှာတွေ့ကြပါပြီ”ဟု ဆိုလျက် သူတို့တူးသောရေတွင်းအကြောင်းကို ဣဇက်အားပြောကြားကြ၏။
သုတ္တံကျမ်း။ 13:4 - မြန်မာ့စံမီသမ္မာကျမ်း ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။ Common Language Bible ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။ Garrad Bible ပျင်း ရိ သော သူ သည်၊ တပ် မက် သော် လည်း မည် သည် ကို မျှ မ ရ တတ်။ ဝိ ရိ ယ စိုက် သော သူ တို့ မူ ကား၊ ကြွယ် ဝ လိမ့် မည်။ Judson Bible ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။ |
ထိုနေ့၌ပင် ဣဇက်၏အစေအပါးတို့သည် လာ၍ “အကျွန်ုပ်တို့သည် ရေကိုရှာတွေ့ကြပါပြီ”ဟု ဆိုလျက် သူတို့တူးသောရေတွင်းအကြောင်းကို ဣဇက်အားပြောကြားကြ၏။
အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
လုံ့လနည်းသောလက်သည် ဆင်းရဲခြင်းကိုဖြစ်စေ၏။ ဝီရိယရှိသောလက်မူကား ချမ်းသာကြွယ်ဝစေ၏။
စိတ်စေတနာကောင်းသောသူသည် ကြွယ်ဝ၍ ရေလောင်းပေးသောသူသည် ကိုယ်တိုင်လည်း ရေလောင်းပေးခြင်းကိုခံရလိမ့်မည်။
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
ဝီရိယရှိသောသူ၏လက်သည် အုပ်စိုးရလိမ့်မည်။ လုံ့လနည်းသောသူမူကား အတင်းအကျပ်စေခိုင်းခြင်းခံရလိမ့်မည်။
လုံ့လနည်းသောသူသည် မိမိလိုက်သောသားကောင်ကို ကင်၍မစားရ။ ဝီရိယရှိသောသူမူကား အဖိုးတန်သောစည်းစိမ်ဥစ္စာကိုရတတ်၏။
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ဖြောင့်မတ်သောသူသည် မုသားစကားကို မုန်း၏။ ဆိုးယုတ်သောသူမူကား စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ မျက်နှာပျက်ရတတ်၏။
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
ပျင်းရိသောသူ၏လက်သည် အလုပ်လုပ်ရန်ငြင်းဆန်သောကြောင့် သူ၏အလိုဆန္ဒသည် သူ့ကိုသေစေတတ်၏။
ဝီရိယရှိသောသူ၏အကြံအစည်တို့သည် အကျိုးအမြတ်ကို ဧကန်ဖြစ်စေ၏။ အလျင်စလိုပြုမူသောသူတိုင်းကား ချို့တဲ့နွမ်းပါးခြင်းသို့သာရောက်တတ်၏။
ငါသည် ပျင်းရိသောသူ၏လယ်ယာနား၊ အသိစိတ်မရှိသောသူ၏စပျစ်ခြံနားမှ ဖြတ်သွားရာ
ကြည့်ရှုလော့။ ဆူးပင်များအပြည့်ပေါက်လျက် တစ်ပြင်လုံးပေါင်းပင်များဖုံးလွှမ်းကာ ၎င်း၏ကျောက်တံတိုင်းလည်း ပြိုပျက်လျက်ရှိ၏။
ပျင်းရိသောသူက “လမ်းပေါ်၌ ခြင်္သေ့ကြီးရှိ၏။ လမ်းမ၌ ခြင်္သေ့ရှိ၏”ဟု ဆိုတတ်၏။
လောဘကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား ပြည့်စုံကြွယ်ဝလိမ့်မည်။
အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ ၎င်း၏လုပ်ဆောင်မှုတို့ကိုကြည့်ရှုဆင်ခြင်လျက် ဉာဏ်ပညာရှိလော့။
ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်သည် ဝတ်ရုံကိုချွတ်ပြီးပါပြီ၊ ပြန်ဝတ်ရမည်လော။ ခြေကိုဆေးပြီးပါပြီ၊ ညစ်ပေအောင် ပြန်လုပ်ရမည်လော။
ထာဝရဘုရားသည် သင့်ကို အစဉ်လမ်းပြတော်မူမည်။ ပူပြင်းခြောက်သွေ့သောအရပ်၌ သင့်ကိုဝပြောစေလျက် သင်၏အရိုးတို့ကို သန်မာစေတော်မူမည်။ သင်သည် ရေဝသောဥယျာဉ်ကဲ့သို့၊ ရေမပြတ်သောစမ်းရေတွင်းကဲ့သို့ ဖြစ်မည်။
ယာကုပ်အမျိုးမြေမှုန့်ကို မည်သူရေတွက်နိုင်မည်နည်း။ အစ္စရေးလူမျိုး၏လေးပုံတစ်ပုံကို မည်သူရေတွက်နိုင်မည်နည်း။ ဖြောင့်မှန်သောသူတို့သေသကဲ့သို့ ငါသေပါရစေ။ ငါ၏နိဂုံးသည်လည်း သူ၏နိဂုံးကဲ့သို့ဖြစ်ပါစေ”ဟု ဆိုလေ၏။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့တစ်ဦးစီသည် မျှော်လင့်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝရှိကြရန် ထိုသို့သောစိတ်အားထက်သန်မှုကို အဆုံးတိုင်အောင်ပြမည့်အကြောင်း ငါတို့အလိုရှိကြ၏။
ထိုသူတို့သည် ယောရှုထံပြန်လာ၍ “အာဣမြို့သို့ လူအားလုံး ချီတက်သွားရန်မလိုပါ။ လူနှစ်ထောင်၊ သုံးထောင်ခန့်ဖြင့်တိုက်လျှင် အောင်နိုင်ပါသည်။ လူအားလုံးကို မပင်ပန်းစေပါနှင့်။ ထိုမြို့သားတို့သည် လူနည်းစုသာဖြစ်ပါသည်”ဟု ဆိုကြ၏။