ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
ယေရမိ 5:27 - မြန်မာ့စံမီသမ္မာကျမ်း လှောင်အိမ်သည် ငှက်တို့နှင့်ပြည့်သကဲ့သို့ သူတို့၏အိမ်များသည်လည်း လိမ်လည်လှည့်ဖြားမှုနှင့် ပြည့်၏။ ထိုသို့သောအားဖြင့် ကြီးပွားချမ်းသာကြလေပြီ။ Common Language Bible မုဆိုးသည်မိမိ၏လှောင်အိမ်ကိုငှက်များဖြင့်ပြည့်စေသကဲ့သို့ ထိုသူတို့သည်မိမိတို့နေအိမ်များကိုတိုက်ရာပါပစ္စည်းများဖြင့်ပြည့်စေကြလေပြီ။ ထို့ကြောင့်သူတို့သည်တန်ခိုးကြီးမား၍ချမ်းသာကြွယ်ဝကြ၏။- Garrad Bible ငှက် အ ပြည့် ရှိ သော လှောင် အိမ် သ ဖွယ်၊ သူ တို့ အိမ် များ သည် လှည့် စား ခြင်း အ မြတ် နှင့် ပြည့် သ ဖြင့်၊ ကြွယ် ဝ သူ၊ တန် ခိုး ကြီး သူ ဖြစ် ကြ လေ ပြီ။ Judson Bible ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့် ပြည့်၏။ ထိုသို့ သူတို့သည် အားတိုးပွား၍ ရတတ်ခြင်းသို့ရောက်ကြ၏။ |
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
ဤဂျေရုဆလင်မြို့သူမြို့သားတို့သည် အဘယ်ကြောင့် ထွက်သွား၍ ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ သူတို့သည် လှည့်စားမှုကိုဆုပ်ကိုင်ထားကြ၏။ ပြန်လှည့်လာရန် ငြင်းဆန်ကြ၏။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့ အီဂျစ်ပြည်၌ရှိစဉ်ကပင် ငါ ထာဝရဘုရားသည် သင်တို့၏ဘုရားသခင် ဖြစ်၏။ သတ်မှတ်ထားသောပွဲတော်အချိန်ကကဲ့သို့ သင်တို့ကို တဲထဲတွင် ပြန်နေစေမည်။
ထာဝရဘုရားထံတော်မှဘေးဒဏ်သည် ဂျေရုဆလင်မြို့တံခါးသို့ရောက်လာပြီဖြစ်၍ မာရုတ်မြို့သူသည် ကောင်းသောအရာကို တောင့်တနေ၏။
ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။