ယေရမိ 5:27 - Common Language Bible27 မုဆိုးသည်မိမိ၏လှောင်အိမ်ကိုငှက်များဖြင့်ပြည့်စေသကဲ့သို့ ထိုသူတို့သည်မိမိတို့နေအိမ်များကိုတိုက်ရာပါပစ္စည်းများဖြင့်ပြည့်စေကြလေပြီ။ ထို့ကြောင့်သူတို့သည်တန်ခိုးကြီးမား၍ချမ်းသာကြွယ်ဝကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ငှက် အ ပြည့် ရှိ သော လှောင် အိမ် သ ဖွယ်၊ သူ တို့ အိမ် များ သည် လှည့် စား ခြင်း အ မြတ် နှင့် ပြည့် သ ဖြင့်၊ ကြွယ် ဝ သူ၊ တန် ခိုး ကြီး သူ ဖြစ် ကြ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible27 ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့် ပြည့်၏။ ထိုသို့ သူတို့သည် အားတိုးပွား၍ ရတတ်ခြင်းသို့ရောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 လှောင်အိမ်သည် ငှက်တို့နှင့်ပြည့်သကဲ့သို့ သူတို့၏အိမ်များသည်လည်း လိမ်လည်လှည့်ဖြားမှုနှင့် ပြည့်၏။ ထိုသို့သောအားဖြင့် ကြီးပွားချမ်းသာကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။