“ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။
ယေရမိ 33:24 - မြန်မာ့စံမီသမ္မာကျမ်း “လူတို့က ‘ထာဝရဘုရားသည် မိမိရွေးချယ်တော်မူသောလူမျိုးနှစ်မျိုးကို စွန့်ပယ်တော်မူပြီ’ဟု ပြောဆိုကြသောစကားကို သင်သတိမပြုမိသလော။ သူတို့သည် ငါ့လူမျိုးတော်ကို မထီလေးစားပြုကြလေပြီ။ လူမျိုးတစ်မျိုးအဖြစ် မမှတ်ကြတော့ပေ။ Garrad Bible ရွေး ချယ် တော် မူ ခဲ့ သော လူ နှစ် နွယ် ကို ထာ ဝ ရ ဘု ရား စွန့် ပစ် တော် မူ လေ ပြီ ဟူ ၍ လူ မျိုး အ ဖြစ် ဆက် လက် မ ထင် မ မှတ် ဘဲ၊ လူ မျိုး တော် ကို မ ထီ လေး စား ပြု လျက် ဆို ကြ သော လူ မျိုး ၏ စ ကား ကို မ စဉ်း စား သလော။ Judson Bible ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုးကို တစ်ဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုးကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။ |
“ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။
သူတို့က “လာကြ၊ အစ္စရေးဟူသောအမည်နာမကို နောက်တစ်ဖန် အောက်မေ့စရာအကြောင်းမရှိစေရန် သူတို့ကို လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ကြကုန်စို့”ဟု ဆိုကြပါ၏။
အမှန်စင်စစ် သူတို့သည် စိတ်သဘောတညီတညွတ်တည်းဖြင့် လျှို့ဝှက်ကြံစည်ကြ၍ ကိုယ်တော်ကိုဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ကြပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ပစ်ပယ်တော်မူမည်မဟုတ်။ မိမိ၏အမွေတော်ကိုလည်း စွန့်ပစ်တော်မူမည်မဟုတ်။
ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။
သူသည် ထိုသို့အလုံးစုံပြုပြီးနောက် ငါက ‘ငါ့ထံသို့ပြန်လာပါ’ ဟု ဆိုသော်လည်း သူသည် ပြန်မလာဘဲနေ၏။ သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် ထိုအရာကို မြင်၏။
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဤပြဋ္ဌာန်းချက်တို့သည် ငါ့ရှေ့မှောက်မှကွယ်ပျောက်သွားလျှင် အစ္စရေးလူမျိုး၏သားစဉ်မြေးဆက်တို့သည်လည်း ငါ့ရှေ့မှောက်၌ လူမျိုးတော်အဖြစ်မှ အစဉ်ကွယ်ပျောက်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သူတို့သည် အထက်မိုးကောင်းကင်ကို တိုင်းတာနိုင်၍ အောက်မြေကြီး၏အုတ်မြစ်ကို စူးစမ်းနိုင်မှသာ အစ္စရေးတစ်မျိုးနွယ်လုံးပြုခဲ့သောအပြစ်ကြောင့် သူတို့ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အကြောင်းမူကား အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကို သူတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စွန့်ပစ်တော်မမူ။ ခါလဒဲပြည်ကား သန့်ရှင်းသောအရှင်ကို ပြစ်မှားသောအပြစ်နှင့်ပြည့်နှက်၏။
လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။
အမ္မုန်အမျိုးသားတို့အား ဘုရားရှင်ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ဘုရားရှင်ထာဝရဘုရားက ‘သန့်ရှင်းရာဌာန ညစ်ညူးသွားခဲ့စဉ်က၊ အစ္စရေးပြည်ကြီး ဆိတ်သုဉ်းသွားခဲ့စဉ်က၊ ယုဒအမျိုး ဖမ်းခေါ်သွားခြင်းခံရစဉ်က သင်တို့ဟားတိုက်ခဲ့ကြသောကြောင့်
“အချင်းလူသား၊ တိုင်ရာမြို့က ဂျေရုဆလင်မြို့ကိုဆန့်ကျင်၍ ‘အဟား၊ လူမျိုးတကာတို့၏တံခါးကြီး ကျိုးပဲ့လေပြီ။ ဟင်းလင်းပွင့်လေပြီ။ ထိုမြို့သည် လူဆိတ်ညံရာဖြစ်လေပြီ။ ငါ့အလိုပြည့်စုံလေပြီ’ဟု ဆို၏။
သင်တို့၏ရန်သူက ရှေးကရှိခဲ့သော အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို ငါတို့ပိုင်ပြီဟေ့ဟူ၍ ဆိုလေပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် သူတို့သည် လူမျိုးခြားတို့အလယ်သို့ ရောက်သွားသောအခါ လူတို့က သန့်ရှင်းသောငါ့နာမကို ရှုတ်ချလျက် ‘ဤသူတို့သည် ထာဝရဘုရား၏လူမျိုးတော်ဖြစ်လျက်နှင့် မိမိနေရင်းပြည်မှ ထွက်ခွာသွားရပါသည်တကား’ဟု ဆိုကြ၏။
ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။
ထိုပြည်ရှိ အစ္စရေးတောင်ပေါ်တွင် သူတို့ကို လူမျိုးတစ်မျိုးတည်း ဖြစ်စေမည်။ သူတို့အားလုံးကို ရှင်ဘုရင်တစ်ပါးတည်းသာ အုပ်ချုပ်မည်။ သူတို့သည် လူမျိုးနှစ်မျိုးဖြစ်တော့မည်မဟုတ်၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားတော့မည်မဟုတ်။