အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
ယေရမိ 11:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့သည် နံ့သာပေါင်းဖြင့်မီးရှို့ပူဇော်ရသော အခြားဘုရားများထံသို့သွား၍ အော်ဟစ်ကြလိမ့်မည်။ သို့သော် ဘေးအန္တရာယ်ရောက်ချိန်၌ ထိုဘုရားတို့သည် သူတို့ကိုကယ်တင်လိမ့်မည်မဟုတ်။ Common Language Bible ထိုအခါယုဒပြည်သားများနှင့်ယေရု ရှလင်မြို့သူမြို့သားတို့သည် မိမိတို့ယဇ် ပူဇော်သည့်ဘုရားများထံသို့ဟစ်အော်ကာ အကူအညီတောင်းခံကြလိမ့်မည်။ သို့ရာ တွင်ထိုဘုရားတို့သည်ဘေးအန္တရာယ်ကျ ရောက်လာချိန်၌ကူမနိုင်ကြလိမ့်မည်မ ဟုတ်။- Garrad Bible ထို ဒု က္ခ တွေ့ သည့် ကာ လ၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ မှ စ၍၊ ယု ဒ ပြည် မြို့ သူ ရွာ သား တို့ သည် မီး ဖြင့် ပူ ဇော် လေ့ ရှိ သော ဘု ရား များ သို့ သွား ရောက် အော် ဟစ် ကြ သော် လည်း၊ ကယ် မ ခြင်း မ ရှိ။ Judson Bible ထိုအခါ ယုဒမြို့သူရွာသားနှင့် ယေရုရှလင်မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဖူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေးရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာမပေးဘဲနေကြလိမ့်မည်။ |
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
သို့သော် ငါ၏လူမျိုးသည် ငါ့ကိုမေ့လျော့ပြီ။ သူတို့သည် အချည်းနှီးသောအရာရှေ့၌ နံ့သာပေါင်းကိုမီးရှို့ကြလေပြီ။ သူတို့သည် ရှေးလမ်းဟောင်းများတွင် ခလုတ်တိုက်လဲကျကြလေပြီ။ လမ်းမ မဟုတ်သော လမ်းကြားများတွင် လိုက်လျှောက်ကြလေပြီ။
သင့်အတွက် သင်လုပ်သော ဘုရားများသည် အဘယ်မှာနည်း။ သင်ဒုက္ခရောက်ချိန်၌ ထိုဘုရားတို့သည် သင့်ကို ကယ်တင်နိုင်လျှင် ထ၍ကယ်ကြပါစေ။ အို ယုဒပြည်၊ သင့်မြို့အရေအတွက်များသည်နှင့်အမျှ သင့်ဘုရားသည်လည်း များပါသည်တကား။
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။
ကိုယ်တော်က ‘သူတို့ခိုလှုံရာကျောက်ဆောင်ဖြစ်သော သူတို့ဘုရားများကား အဘယ်မှာရှိသနည်း။
ထိုဘုရားတို့သည် သူတို့ပူဇော်သောယဇ်ကောင်၏အဆီကိုစား၍ သူတို့၏သွန်းလောင်းရာပူဇော်သက္ကာစပျစ်ဝိုင်ကိုသောက်ကြ၏။ ထိုဘုရားတို့သည် သင်တို့ကို ထ၍ကူညီမစပါလေစေ။ သင်တို့ကို ကွယ်ကာပါလေစေ။
သင်တို့ရွေးချယ်ခဲ့သောဘုရားများထံသို့ သွား၍အော်ဟစ်ကြလော့။ သင်တို့ ဆင်းရဲဒုက္ခရောက်ချိန်၌ သူတို့သည် သင်တို့ကို ကယ်တင်ပါစေ”ဟု မိန့်တော်မူ၏။