ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
ယေဇကျေလ 23:24 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စစ်ရထားများ၊ လှည်းများ၊ လူအလုံးအရင်းများနှင့်တကွ သင့်ကိုလာတိုက်လိမ့်မည်။ ဒိုင်းများ၊ လွှားများ၊ သံခမောက်များပါလျက် သင့်ကိုဝိုင်းရံတပ်စွဲကြလိမ့်မည်။ သင့်ကိုအပြစ်ပေးရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့၏စီရင်ချက်အတိုင်း သင့်ကိုစီရင်လိမ့်မည်။ Common Language Bible သူတို့သည်စစ်လက်နက်စစ်မြင်းရထားများ၊ ရိက္ခာလှည်းများကိုယူဆောင်ကာ ကြီးမားသော စစ်သည်အလုံးအရင်းနှင့်သင့်အားတိုက်ခိုက် ကြလိမ့်မည်။ ဒိုင်းလွှားများကိုကိုင်ဆောင်လျက် သံခမောက်များကိုဆောင်း၍သင့်ကိုဝိုင်းရံ ကြလိမ့်မည်။ ငါသည်သင့်အားသူတို့၏လက် သို့ပြစ်ဒဏ်ခံရန်အပ်နှံမည်။ သူတို့သည် လည်းမိမိတို့တရားဥပဒေများအရ သင့်ကိုတရားစီရင်ကြလိမ့်မည်။- Garrad Bible ရ ထား တပ်၊ လှည်း တပ်၊ အ လုံး အ ရင်း ပါ၊ လက် နက် ဆောင် လျက် ချီ တက် သည့် ပြင်၊ ဒိုင်း ရှည်၊ ဒိုင်း ဝန်း၊ မောက် ရူ ဆောင်း ကိုင် လျက် ဝန်း ဝိုင်း စွဲ ရပ် ကြ သော်၊ တ ရား မှု ကို ငါ လွှဲ အပ် သည် နှင့် အ ညီ၊ ကိုယ့် ဓ မ္မ သတ် အ တိုင်း သင့် ကို ဆုံး ဖြတ် ကြ လိမ့် မည်။ Judson Bible စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့်တကွ လာ၍ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရားစီရင်သောအခွင့်ကို သူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။ |
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
မြင်းခွာသံတခွပ်ခွပ်၊ စစ်ရထားသံတဂျုန်းဂျုန်း၊ ဘီးလိမ့်သံတဒုန်းဒုန်းကြောင့် ဖခင်တို့သည် လက်မှိုင်ချ၍ သူတို့၏ကလေးများကိုပင် လှည့်မကြည့်နိုင်ကြ။
ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်၏။ ဘေဘီလုံဘုရင်သည် သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားပြီး အနိစ္စရောက်သောနေ့အထိ ထောင်ထဲ၌ထည့်ထား၏။
ခါလဒဲစစ်သည်တို့သည် ဇေဒကိမင်းကြီးကိုဖမ်းဆီးပြီး ဘေဘီလုံဘုရင်ရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် သူ့ကို စီရင်ချက်ချလေ၏။
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
ဘေဘီလုံဘုရင်ထံ သစ္စာခံထားသောသူတို့က ထိုဗေဒင်သည် မဟုတ်မမှန်ဟု ထင်မှတ်ကြလိမ့်မည်။ သို့သော် ဘေဘီလုံဘုရင်သည် သူတို့အား ဖမ်းခေါ်သွားပြီး သူတို့အပြစ်ကို ပြန်သတိရစေမည်။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြောက်ဘက်အရပ်မှ ဘုရင်တကာတို့၏ဘုရင်ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို လူအလုံးအရင်းနှင့်တကွ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများပါလျက် တိုင်ရာမြို့သို့ ငါချီတက်လာစေမည်။