ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။
ယေဇကျေလ 21:29 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မဟုတ်မမှန်သည်ကိုမြင်ပြီး အလိမ်အညာဗေဒင်များကို ဟောပြောနေစဉ်တွင် အပြီးသတ်ဒဏ်ခတ်မည့်နေ့ရက်သည် ရောက်လာပြီး ဓားတော်သည် သေဒဏ်ခံရမည့် ဆိုးယုတ်သူတို့၏လည်ပင်းပေါ်တွင် တင်ထားလျက်ရှိလေပြီ။ Common Language Bible သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။ Judson Bible သူတို့ကဲ့ရဲ့ခြင်းကိုလည်းကောင်း ရည်မှတ်၍မိန့်တော်မူသောစကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသော အဓမ္မလူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကို နေရာကျစေခြင်းငှာ၊ သင့်အဖို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသားစကားကို ဟောပြောစဉ်တွင်၊ ဓားတော်သည် လုပ်ကြံဖို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာ အရောင်တောက်သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။ |
ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
သင့်ကိုပေးသောအကြံဉာဏ်များစွာတို့ကြောင့် သင်စိတ်ပင်ပန်းလှပြီ။ မိုးကောင်းကင်၊ ကြယ်နက္ခတ်တို့ကိုကြည့်ရှုပြီး နက္ခတ်ဗေဒပညာဖြင့် သင်၌ဖြစ်လာမည့်အရာကို လစဉ် ဟောကိန်းထုတ်သောသူများသည် ယခု သင့်ကို ထ၍ကယ်တင်ကြပါစေ။
သို့ဖြစ်၍ သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်ဟု ဆိုသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၊ အိပ်မက်နိမိတ်ရသူများ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများ၏စကားကို နားမထောင်ကြနှင့်။
ရေတွင်းမှရေထွက်လာသကဲ့သို့ ထိုမြို့ထဲမှမကောင်းမှုထွက်လာ၏။ မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းသတင်းကို ကြားရ၏။ ရောဂါဝေဒနာ၊ ထိခိုက်ဒဏ်ရာသည် ငါ့ရှေ့၌ အစဉ်ရှိ၏။
သင်၏ပရောဖက်တို့သည် သင့်အဖို့ မဟုတ်မမှန်သောအရာ၊ အကျိုးမရှိသောအရာတို့ကို နိမိတ်မြင်ကြပြီ။ သုံ့ပန်းဘဝမရောက်ရလေအောင် သူတို့သည် သင်၏အပြစ်ကိုမထောက်ပြဘဲ မဟုတ်မမှန်သောအရာ၊ လှည့်စားသောအရာတို့ကို ဗျာဒိတ်ရကြပြီ။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်ထဲတွင် မဟုတ်မမှန်သောဗျာဒိတ်နိမိတ်နှင့် မြှောက်ပင့်ဟောပြောခြင်း တစ်စုံတစ်ရာရှိတော့မည်မဟုတ်။
ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဆိုလျက် ငါ့လူမျိုးတော်ကို လှည့်စားကြ၏။ တစ်ယောက်က မြို့ရိုးကိုတည်ဆောက်၍ သူတို့က ထုံးဖြူသုတ်၏။
ထို့ကြောင့် မဟုတ်မမှန်သောနိမိတ်ကိုပင် သင်တို့မြင်ရတော့မည်မဟုတ်။ ဂမ္ဘီရအတတ်ဖြင့် ဟောပြောနိုင်တော့မည်မဟုတ်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်နုတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။
အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။
ပရောဖက်တို့သည် ထုံးဖြူသုတ်သောသူများ ဖြစ်ကြ၏။ စိတ်အာရုံထဲ၌ အချည်းနှီးသောအရာကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်လည်ဟောပြောကြ၏။ ထာဝရဘုရား မိန့်တော်မမူဘဲ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူပြီ’ဟု ဆိုကြ၏။
သင်သည် ရှေးယခင်ကပင် အငြိုးထားခဲ့၏။ အစ္စရေးအမျိုးသားတို့ ဘေးဒုက္ခရောက်ချိန်၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်တွင် သင်သည် သူတို့ကို ဓားလက်သို့အပ်လိုက်၏။
သူတို့ပြုသောမကောင်းမှုအားလုံးကို ငါမှတ်ထားကြောင်း သူတို့၏စိတ်ထဲ၌ မတွေးမိကြ။ ယခုမှာ သူတို့ပြုသောအမှုသည် သူတို့ကိုဝိုင်းထားလေပြီ။ သူတို့လုပ်သမျှကို ငါမြင်လေပြီ။