ယေဇကျေလ 21:29 - Common Language Bible29 သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။ အခန်းကိုကြည့်ပါ။Judson Bible29 သူတို့ကဲ့ရဲ့ခြင်းကိုလည်းကောင်း ရည်မှတ်၍မိန့်တော်မူသောစကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသော အဓမ္မလူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကို နေရာကျစေခြင်းငှာ၊ သင့်အဖို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသားစကားကို ဟောပြောစဉ်တွင်၊ ဓားတော်သည် လုပ်ကြံဖို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာ အရောင်တောက်သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သင်တို့သည် မဟုတ်မမှန်သည်ကိုမြင်ပြီး အလိမ်အညာဗေဒင်များကို ဟောပြောနေစဉ်တွင် အပြီးသတ်ဒဏ်ခတ်မည့်နေ့ရက်သည် ရောက်လာပြီး ဓားတော်သည် သေဒဏ်ခံရမည့် ဆိုးယုတ်သူတို့၏လည်ပင်းပေါ်တွင် တင်ထားလျက်ရှိလေပြီ။ အခန်းကိုကြည့်ပါ။ |
သင့်မှာအကြံပေးအရာရှိအမြောက်အမြား ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။ ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊ တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊ သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။
သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။
သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။-
ပရောဖက်တို့သည်အုတ်တံတိုင်းကိုထုံးဖြူ သုတ်သူများကဲ့သို့ ထိုအပြစ်များကိုဖုံး အုပ်ပေးကြ၏။ သူတို့သည်ဗျာဒိတ်ရူပါရုံ အတုများကိုမြင်လျက် မဟုတ်မမှန်သော ဗျာဒိတ်ကိုဆင့်ဆိုဟောပြောကြ၏။ သူတို့ ကမိမိတို့သည်အရှင်ထာဝရဘုရား ဗျာဒိတ်တော်ကိုဆင့်ဆိုကြသည်ဟုဆို သော်လည်း ယင်းဗျာဒိတ်တို့ကိုသူတို့အား ငါမပြောခဲ့။-