အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ယောဘဝတ္တု။ 23:11 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခြေတော်ရာအတိုင်း ထက်ကြပ်မကွာလိုက်ပါ၏။ လမ်းတော်ကိုမလွှဲမရှောင်ဘဲ လိုက်လျှောက်ပါ၏။ Common Language Bible ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။ Garrad Bible ခြေ တော် ရာ ကို ငါ နင်း လိုက်၍၊ နည်း လမ်း တော် ကို လည်း မ လွှဲ ဘဲ စောင့် ရှောက် ခဲ့ ပြီ။ Judson Bible ခြေတော်ရာကို အစဉ်တစိုက်ငါလျှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။ |
အကျွန်ုပ်သည် ဆိုးယုတ်သောသူမဟုတ်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ကို ကိုယ်တော့်လက်မှ ကယ်နုတ်မည့်သူမရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူပါ၏။
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ငါသည် သွားနေသောလမ်းမှ ခြေလှမ်းလွဲခဲ့လျှင်၊ ငါ့စိတ်နှလုံးသည် မျက်စိအလိုနောက်သို့ လိုက်ခဲ့လျှင်၊ ငါ့လက်သည် အညစ်အကြေးစွန်းထင်းခဲ့လျှင်
သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။
မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုလွန်စွာပြက်ရယ်ပြုကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်မှ သွေဖည်မသွားပါ။
မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
အကျွန်ုပ်၏ခြေလှမ်းများသည် ကိုယ်တော်၏လမ်းတော်၌ရှိပါ၏။ အကျွန်ုပ်သည် ခြေချော်ခြင်းမရှိပါ။
သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
အကျွန်ုပ်တို့၏စိတ်နှလုံးသည် နောက်ပြန်မဆုတ်ခဲ့ပါ။ အကျွန်ုပ်တို့၏ခြေလှမ်းများသည်လည်း ကိုယ်တော်၏လမ်းစဉ်မှ သွေဖည်မသွားခဲ့ပါ။
သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
ဉာဏ်ပညာကိုဆည်းပူးလော့။ အသိဉာဏ်ကိုဆည်းပူးလော့။ ငါ၏နှုတ်ထွက်စကားတို့ကို မမေ့လျော့နှင့်။ ၎င်းတို့မှသွေဖည်မသွားနှင့်။
ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။