ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ယောဘဝတ္တု။ 22:18 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် သူတို့အိမ်ကို ကောင်းသောအရာများနှင့် ပြည့်စေ၏။ လူဆိုးတို့၏အကြံဉာဏ်မူကား ငါနှင့်ဝေး၏။ Common Language Bible သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ Judson Bible သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည်ဝန်မခံ။ |
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
အကယ်စင်စစ် သူတို့၏စည်းစိမ်သည် သူတို့လက်၌ပင်မရှိ။ ဆိုးယုတ်သောသူတို့၏အကြံအစည်မျိုး ငါ၌မရှိ။
ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
အို ထာဝရဘုရား၊ ဤလောက၏အမွေကိုသာ ခံစားကြရသော လောကီသားတို့၏လက်မှ ကိုယ်တော်၏လက်တော်ဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ ကိုယ်တော်သည် သူတို့၏ဝမ်းကို ကိုယ်တော်၏ဘဏ္ဍာတော်နှင့်ပြည့်စေတော်မူ၏။ သူတို့သည် သားသမီးအများအပြားထွန်းကား၍ သူတို့၏ကလေးများအတွက်လည်း သူတို့၏စည်းစိမ်ဥစ္စာကို ချန်ထားတတ်ကြပါ၏။
ကိုယ်တော်သည် သူတို့ကို စိုက်ပျိုးတော်မူသဖြင့် သူတို့သည် အမြစ်စွဲ၍ကြီးထွားလျက် အသီးသီးကြပါ၏။ သို့သော် သူတို့သည် ကိုယ်တော့်ကို နှုတ်ဖြင့်သာ ချဉ်းကပ်၏။ သူတို့၏အတွင်းသဘောမူကား ကိုယ်တော်နှင့် ဝေးကွာလျက်နေ၏။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
‘ဤအရာများနောက်တွင် ငါသည် ပြန်လာ၍ ပြိုလဲသောဒါဝိဒ်၏တဲကို ပြန်၍တည်ဆောက်မည်။ ငါသည် ဖြိုဖျက်ခြင်းခံရသော ထိုတဲကို ပြန်၍တည်ဆောက်ပြီး ၎င်းကို ပြန်လည်ခိုင်ခံ့စေမည်။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။