ဤသို့သနားညှာတာစိတ်ကင်းမဲ့စွာပြုသောသူသည် သိုးသငယ်မလေးအတွက် လေးဆပြန်လျှော်ရမည်”ဟု မိန့်ဆို၏။
ယောဘဝတ္တု။ 20:10 - မြန်မာ့စံမီသမ္မာကျမ်း သူ့သားသမီးတို့သည် ဆင်းရဲသားတို့၏အလိုကိုလိုက်ရလိမ့်မည်။ သူ၌ရှိသောစည်းစိမ်ဥစ္စာများကိုလည်း သူ့လက်ဖြင့် ပြန်ပေးရလိမ့်မည်။ Common Language Bible သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။ Garrad Bible သူ့ ဥ စ္စာ ကို လက် နှင့် ပြန် ပေး၍၊ သား သ မီး တို့ လည်း နွမ်း ပါး သူ တို့ ကို ပင် ခ ယ ကြ လ တ္တံ့။ Judson Bible သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေးရကြ၏။ |
ဤသို့သနားညှာတာစိတ်ကင်းမဲ့စွာပြုသောသူသည် သိုးသငယ်မလေးအတွက် လေးဆပြန်လျှော်ရမည်”ဟု မိန့်ဆို၏။
သူဝါးမျိုထားသောဥစ္စာပစ္စည်းတို့ကို ပြန်အန်ထုတ်ရလိမ့်မည်။ ဘုရားသခင်သည် ထိုအရာတို့ကို သူ့ဝမ်းထဲမှ ထုတ်ပစ်တော်မူမည်။
ပင်ပန်းစွာရှာဖွေထားသောအရာများကိုလည်း မစားရဘဲ စွန့်လွှတ်ရလိမ့်မည်။ ကုန်သွယ်၍ရသောအမြတ်ကိုလည်း ခံစားခွင့်ရမည်မဟုတ်။
သူ၌ သားသမီးများစွာရှိလျှင်လည်း ဓားစာသာ ဖြစ်သွားမည်။ သူ့သားမြေးတို့သည်လည်း ဘယ်သောအခါမျှ အစာရေစာလုံလောက်မည်မဟုတ်။
သားကောင်မဲ့သောကြောင့် ခြင်္သေ့တို့ သေကျေကြရ၏။ ခြင်္သေ့ပေါက်လေးတို့လည်း ကွဲလွင့်ကုန်ပါ၏။
သူ့သားသမီးတို့သည် လုံခြုံမှုနှင့် ကင်းဝေး၏။ မြို့တံခါး၌ ညှဉ်းဆဲခံနေရသည်ကိုပင် ကယ်နုတ်မည့်သူမရှိ။
သူ၏သားသမီးတို့သည် အရပ်ရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။ ပြိုပျက်သောမိမိတို့နေရာများမှထွက်၍ အစာကိုရှာကြရပါစေ။
ထာဝရဘုရားသည်လည်း အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့ရှေ့မှောက်၌ မျက်နှာရစေတော်မူသဖြင့် သူတို့တောင်းသောအရာများကိုပေးကြ၏။ ဤသို့ဖြင့် သူတို့သည် အီဂျစ်လူမျိုးတို့ထံမှ သိမ်းယူကြလေ၏။
တစ်စုံတစ်ဦးသည် နွား၊ သို့မဟုတ် သိုးကို ခိုးယူ၍ သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ နွားတစ်ကောင်အတွက် နွားငါးကောင်၊ သိုးတစ်ကောင်အတွက် သိုးလေးကောင်ကို အလျော်ပေးရမည်။
နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။
ဆင်းရဲသောသူတို့ကိုနှိပ်စက်သော ဆင်းရဲသားသည် မည်သည့်အစားအစာမျှမကျန်အောင် တိုက်ချသွားသောမိုးရေနှင့်တူ၏။
သို့သော် သူသည် အဖမ်းခံရလျှင် ခုနစ်ဆပြန်လျော်ရမည်။ မိမိအိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပင် ပေးရမည်ဖြစ်၏။
ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။