သူ၌ သားခုနစ်ယောက်၊ သမီးသုံးယောက်ရှိ၏။
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
သား ခု နစ် ယောက်၊ သ မီး သုံး ယောက် တို့ ကို ရ၏။
သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။
ငါ့ရှေ့မှာ တိတ်တိတ်နေကြလော့။ ငါပြောပါရစေ။ ငါ၌ ဖြစ်ချင်ရာဖြစ်ပါစေ။
မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
သူသည် သား ခုနစ်ယောက်၊ သမီး သုံးယောက်ကိုလည်း ရပြန်၏။
ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးတော်မူသဖြင့် သူတို့သည် အလွန်တိုးပွားကြ၏။ သူတို့၏တိရစ္ဆာန်ကိုလည်း လျော့နည်းစေတော်မမူခဲ့ပေ။
သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။