သို့သော် ဆိုးယုတ်သောအစေအပါးသည် မိမိ၏စိတ်ထဲ၌ ‘ငါ့သခင်ကြန့်ကြာနေ၏’ဟု ဆိုလျက်
သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-
အ ကယ်၍ ဆိုး သွမ်း သော ထို ထို ကျွန် က ငါ့ အ ရှင် ကြန့် ကြာ သည် ဟု အောက် မေ့ လျက်
သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့်၊-
သို့ရာတွင် အစေခံသည် ဆိုးသွမ်း၍ ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်ပြီး
ဧလိရှဲက သူ့အား “ထိုလူသည် ရထားပေါ်မှဆင်းလာပြီး သင်နှင့်တွေ့သည့်နေရာသို့ ငါ့ဝိညာဉ်သည် ရောက်နေသည်ကို သင်မသိသလော။ ယခုအချိန်သည် ငွေကိုလက်ခံရမည့်အချိန်လော။ အဝတ်အစား၊ သံလွင်ခြံ၊ စပျစ်ခြံ၊ သိုးနွား၊ ကျွန်ယောက်ျားကျွန်မိန်းမတို့ကို လက်ခံရမည့်အချိန်လော။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။
မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
“အချင်းလူသား၊ ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်က ‘သူမြင်ရသောဗျာဒိတ်နိမိတ် ပြည့်စုံမည့်အချိန် ဝေးသေး၏။ အလွန်ဝေးသောအနာဂတ်အကြောင်းကို သူဟောပြော၏’ဟု ဆိုတတ်ကြ၏။
ထိုအခါ သခင်သည် ထိုအစေအပါးကိုခေါ်၍ ‘ဆိုးညစ်သောအစေအပါး၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် အကြွေးရှိသမျှကို သင့်အတွက် ငါလျှော်ပစ်ခဲ့၏။
သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကိုထိန်းသိမ်းစောင့်ရှောက်ရန် သူ့ကိုခန့်ထားလိမ့်မည်။
အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင်
သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊
သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်
သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
ထိုအခါ ပေတရုက “အာနနိ၊ သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးကိုအုပ်စိုးခွင့်ပေး၍ သန့်ရှင်းသောဝိညာဉ်တော်ကိုလိမ်ညာကာ မြေဖိုးထဲမှအချို့ကို ထိမ်ချန်ထားသနည်း။
ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။
သင်သည် ‘အကြွေးလျှော်ပစ်ခြင်းနှစ်ဖြစ်သော ခုနစ်နှစ်မြောက်သောနှစ်ရောက်လုနီးပြီ’ဟု တွေးလျက် နွမ်းပါးသော သင်၏ညီအစ်ကိုအား မကြည်ဖြူ၊ ဘာမျှမပေးဘဲနေခြင်းဖြင့် ဆိုးညစ်သောစိတ် မဝင်မိစေရန်သတိပြုလော့။ သို့မဟုတ်လျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။