ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။
မြည်တမ်းစကား 3:7 - မြန်မာ့စံမီသမ္မာကျမ်း ငါမထွက်သွားနိုင်အောင် ကြေးနီကြိုးဖြင့်ချုပ်နှောင်၍ ပိတ်လှောင်ထားပြီ။ Common Language Bible ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။ Garrad Bible ငါ ပ ဌ နာ ပြု ၍ တောင်း လျှောက် သော်၊ ငြင်း ပယ် တော် မူ သည့် ပြင်၊ ငါ မ ထွက် မသွား နိုင် အောင် ခြေ ချင်း လေး စေ လျက် ဝန်း ဝိုင်း ကာ ရံ ခြင်း၊ Judson Bible ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။ |
ငါသွားမည့်လမ်းကို ပိတ်ထားတော်မူသဖြင့် ငါဖြတ်မသွားနိုင်။ ငါလျှောက်မည့်လမ်းကိုလည်း အမှောင်ချထားတော်မူ၏။
လမ်းပျောက်နေသူ၊ ဘုရားသခင်ဆီးတားပိတ်ဆို့ထားသောသူကို အဘယ်ကြောင့် အလင်းပေးသနည်း။
ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။ အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
ဖိစီးနှိပ်စက်မှုကြောင့် အကျွန်ုပ်၏မျက်စိသည် မှုန်ဝါးနေပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းခေါ်လျက် ကိုယ်တော့်ထံ အကျွန်ုပ်၏လက်ကို ဆန့်တန်းနေပါ၏။
ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။
ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
ငါသွားသောလမ်းကို ကျောက်နံရံဖြင့် ပိတ်ထားပြီး လမ်းခရီးကို ကွေ့ကောက်စေတော်မူပြီ။
အကျွန်ုပ်တို့ကို လိုက်သောသူတို့သည် အကျွန်ုပ်တို့ လည်ကုတ်ပေါ် တက်စီးကြပါ၏။ အကျွန်ုပ်တို့ မနားရသောကြောင့် ပင်ပန်းလှပါ၏။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
ထို့ကြောင့် သူသွားမည့်လမ်းကို ဆူးပင်များနှင့် ငါကာထားမည်။ သူသွားမည့်လမ်းကို ရှာမတွေ့အောင် တံတိုင်းကာထားမည်။