သူဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကိုထူးတော်မူ၏။ သူအသနားခံသည်ကို နားညောင်းပြီး သူ့ကို သူ၏တိုင်းနိုင်ငံ၊ ဂျေရုဆလင်မြို့သို့ ပြန်လာစေတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေမင်းကြီးသိမြင်လေ၏။
မြည်တမ်းစကား 3:56 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။” Common Language Bible ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍ Judson Bible အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။ |
သူဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကိုထူးတော်မူ၏။ သူအသနားခံသည်ကို နားညောင်းပြီး သူ့ကို သူ၏တိုင်းနိုင်ငံ၊ ဂျေရုဆလင်မြို့သို့ ပြန်လာစေတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေမင်းကြီးသိမြင်လေ၏။
သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
အဖိနှိပ်ခံရသောဤသူ ခေါ်သောအခါ ထာဝရဘုရားသည် နားထောင်၍ သူ၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူ့ကိုကယ်တင်တော်မူ၏။
အကျွန်ုပ်၏ရှင်ဘုရင်နှင့်အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံ ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်၏အော်ဟစ်သံကို အာရုံစိုက်နားထောင်တော်မူပါ။
အို ထာဝရဘုရား၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံကို ကိုယ်တော်ကြားတော်မူပါ၏။ နံနက်အချိန်၌ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် တိုးလျှိုးအသနားခံ၍ စောင့်လျက်နေပါမည်။
အို ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသည်ကိုလည်း လျစ်လျူရှုတော်မမူပါနှင့်။
များစွာသောသူတို့သည် ငါ့ကိုဆန့်ကျင်ကြသော်လည်း ကိုယ်တော်သည် ငါရင်ဆိုင်ရသောစစ်မက်ထဲမှ ငါ၏စိတ်ဝိညာဉ်ကို ဘေးကင်းစွာ ရွေးနုတ်ကယ်တင်တော်မူ၏။
အကျွန်ုပ်ကိုအာရုံစိုက်နားထောင်၍ အကျွန်ုပ်ကို ထူးတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဒုက္ခကြောင့် နေမထိထိုင်မသာဖြစ်ပြီး စိတ်ရှုပ်ထွေးနေပါ၏။
သို့သော် ဘုရားသခင်သည် နားညောင်းတော်မူပြီ။ ငါ၏ဆုတောင်းသံကို အာရုံစိုက်နားထောင်တော်မူပြီ။
“သင်သည် ဟေဇကိမင်းကြီးထံသို့သွား၍ သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင်၏ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ ကြည့်ရှုလော့။ ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ယခု ကိုယ်တော့်အစေအပါး၏ဆုတောင်းသံ၊ အသနားခံသံကို နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ လူဆိတ်ညံသွားသောကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ ကိုယ်တော်တိုင်အဖို့ ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။