အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မာ​လ​ခိ 2:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​သင်​တို့​က​အ​ဘယ်​ကြောင့်​ဤ​သို့ ကိုယ်​တော်​လက်​မ​ခံ​တော့​ဘဲ​နေ​တော်​မူ​ပါ သ​နည်း​ဟု​မေး​ကြ​၏။ ကိုယ်​တော်​လက်​မ​ခံ တော့​သည့်​အ​ကြောင်း​မှာ​သင်​တို့​သည်​ငယ်​စဉ် အ​ခါ​က လက်​ထပ်​ထိမ်း​မြား​ခဲ့​သူ​ဇ​နီး အား​ပေး​အပ်​ခဲ့​သည့်​က​တိ​သစ္စာ​ကို​ချိုး ဖောက်​လိုက်​ကြ​ကြောင်း​ကိုယ်​တော်​သိ​မြင် တော်​မူ​သော​ကြောင့်​ဖြစ်​ပေ​သည်။ ထို​ဇ​နီး သည်​သင်​၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်​ပါ​၏။ သင် သည်​သူ​၏​အ​ပေါ်​တွင်​သစ္စာ​စောင့်​ပါ​မည် ဟု​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​က​တိ ပြု​ခဲ့​ပါ​သော်​လည်း​ထို​က​တိ​သစ္စာ​ကို ချိုး​ဖောက်​ခဲ့​လေ​ပြီ။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ သို့ ကြောင့် နည်း ဟု မေး ကြ လျှင်၊ သင် တို့ ပ ဋိ ညာဉ် ပြု ကြ သည့် အ တိုင်း၊ ဇ နီး ဖြစ် လျက် ပင် ငယ် ပေါင်း ကြီး ဖော် တို့ နှင့် သ စ္စာ ဖျက် သူ သင် တို့ စပ် ကြား တွင်၊ ထာ ဝ ရ ဘု ရား သည်၊ သက် သေ ဖြစ် တော် မူ သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​ကြောင့်​နည်း​ဟု သင်​တို့​မေး​လျှင်၊ သင့်​အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်၍ နောက်​တစ်​ဖန် သ​စ္စာ​မ​စောင့်၊ ပြစ်​မှား​သော မ​ယား​တစ်​ဖက်​နှင့် သင့်​တစ်​ဖက်၌ ထာ​ဝ​ရ​ဘု​ရား​သည် သက်​သေ​ဖြစ်​တော်​မူ၏။ ထို​မ​ယား​သည် သင်၏​အ​ဆွေ​ခင်​ပွန်း၊ သင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​နှင့် ဆိုင်​သော​မ​ယား​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။



မာ​လ​ခိ 2:14
22 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ထာဝရအရှင်​ဘုရားသခင်​က “​လူ​သည် တစ်ယောက်တည်း​မ​နေ​ကောင်း​။ သူ​နှင့်​သင့်တော်​သည့် ကူညီမစသူ​ကို သူ့​အတွက် ငါ​ဖန်ဆင်း​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​သည် ငါ့​သမီး​တို့​ကို​နှိပ်စက်​မည်​၊ ငါ့​သမီး​တို့​အပြင် အခြား​သော​မိန်းမ​တို့​ကို​ယူ​မည် ဆိုလျှင် ငါ​တို့​ကြား​၌​လူ​မ​ရှိ​သော်လည်း ဘုရားသခင်​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​တော်မူ​ကြောင်း​သိမှတ်​လော့​”​ဟု ဆို​သောကြောင့်​ဖြစ်​၏​။


ထို​မိန်းမ​သည် မိမိ​ပျိုရွယ်​စဉ်​ကတည်းက ပေါင်းဖော်​ခဲ့​သော​သူ​ကို​စွန့်ပစ်​၍ မိမိ​ဘုရားသခင်​၏​ပဋိညာဉ်​ကို မေ့လျော့​သူ​ဖြစ်​၏​။


အိမ်ထောင်ရေးဖောက်ပြန်​သော မိန်းမ​၏​လမ်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ သူ​သည် စားသောက်​ပြီးမှ မိမိ​၏​ပါးစပ်​ကို​သုတ်​ပြီး “​မည်သည့်​အပြစ်ဒုစရိုက်​ကို​မျှ ငါ​မ​ပြု​”​ဟု ဆို​တတ်​၏​။


ငါ့​သား​၊ သင်​သည် အဘယ်ကြောင့် အကျင့်​ဖောက်ပြား​သော​မိန်းမ​နှင့်​ယစ်မူး​၍ ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏​ရင်​ကို ပွေ့ဖက်​ရ​သနည်း​။


နေ​အောက်​တွင်​ရှိ​သည့် သင်​၏​အချည်းနှီး​သော​နေ့ရက်​အားလုံး​ဖြစ်​သည့် နေ​အောက်​တွင် သင့်​အား​ပေးသနား​တော်မူ​သော သင်​၏​အချည်းနှီး​သော​အသက်တာ​၏​နေ့ရက်​အားလုံး​တို့​၌ သင်​ချစ်​သော​မယား​နှင့်အတူ ရွှင်လန်း​စွာ​အသက်ရှင်​လော့​။ အကြောင်းမူကား ဤ​အရာ​သည် သင်​၏​အသက်တာ​၌​လည်းကောင်း​၊ နေ​အောက်​တွင် သင်​ကြိုးပမ်းအားထုတ်​သော သင်​၏​ကြိုးပမ်းအားထုတ်မှု​၌​လည်းကောင်း သင်​ရရှိ​သော​ဝေစု​ဖြစ်​၏​။


“​ကြည့်​ပါ​။ ငါ့​ချစ်သူလေး​၊ သင်​သည် အဆင်းလှ​ပေ​၏​။ ကြည့်​ပါ​။ သင်​သည် အဆင်းလှ​ပေ​၏​။ သင့်​မျက်လုံး​များ​လည်း ချိုးငှက်​မျက်လုံး​နှင့် တူ​ပါ​၏​။​”


စွန့်ပစ်​ခြင်း​ခံရ​၍ စိတ်​ထိခိုက်​နေ​သော​၊ ငယ်ရွယ်​စဉ်က​ပေါင်းဖော်​ခဲ့​ပြီးမှ ငြင်းပယ်​ခံရ​သော​မိန်းမ​ကို ပြန်ခေါ်​သကဲ့သို့ သင့်​ကို​ထာဝရဘုရား​ပြန်ခေါ်​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​က “​အကျွန်ုပ်​တို့ အဘယ်ကြောင့် အစာရှောင်​ရ​မည်နည်း​။ အကျွန်ုပ်​တို့​အစာရှောင်​သည်​ကို ကိုယ်တော်​မြင်​တော်​မ​မူ​။ အကျွန်ုပ်​တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်​နှိမ့်ချ​ရ​မည်နည်း​။ အကျွန်ုပ်​တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​သည်​ကို ကိုယ်တော်​သိမှတ်​တော်​မ​မူ​”​ဟု ဆို​ကြ​၏​။ အကယ်စင်စစ် သင်​တို့​သည် အစာရှောင်​ရာ​နေ့​၌ ကိုယ့်​အလိုရှိ​ရာ​ကို ကိုယ်​လုပ်​ကြ​၏​။ အလုပ်သမား​များ​ကို အဓမ္မ​စေခိုင်း​ကြ​၏​။


သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၌ ယုတ်ညံ့​သော​အမှု​ကို​ပြု​ကြ​၏​။ အိမ်နီးချင်း​တို့​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။ ငါ​မ​မိန့်မှာ​ဘဲ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​သော​စကား​ကို ပြောဆို​ကြ​၏​။ ငါ​သည် သိ​၏​။ ငါ​သည် သက်သေ​ဖြစ်​၏​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ပါရှိ​၏​။


သူ​တို့​က​လည်း ယေရမိ​အား “​အရှင်​မှတစ်ဆင့် အကျွန်ုပ်​တို့​အား အရှင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်ဆို​သမျှ​ကို အကျွန်ုပ်​တို့​မ​ပြု​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​အတွက် မှန်ကန်​သော​သက်သေ​၊ သစ္စာရှိ​သော​သက်သေ​ဖြစ်​တော်မူ​ပါစေ​။


သူ​တို့​သည် မိမိ​တို့​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​သော​အမှု​ကို​ပြု​သောအခါ ရှက်​ကြ​သလော​။ လုံးဝ​မ​ရှက်​ကြ​။ ရှက်ကြောက်​ရ​မည်​ကို မ​သိ​ကြ​။ ထို့ကြောင့် အခြား​သူ​တို့​လဲကျ​ရာ​သို့ သူ​တို့​လည်း လဲကျ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို ဒဏ်ခတ်​သောအခါ ပြိုလဲ​သွား​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


မည်သူ​သည် တောကန္တာရ​၌ ခရီးသွား​ဧည့်သည်​များ စခန်းချ​ရာ​နေရာ​လေး​တစ်နေရာ​ကို ငါ့​အား ပေး​မည်နည်း​။ သို့ပြုလျှင် ငါ​သည် ငါ​၏​လူမျိုး​တော်​ကို​စွန့်​၍ သူ​တို့​ထံမှ​ထွက်သွား​မည်​။ သူ​တို့​အားလုံး​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ သစ္စာမဲ့​သော​လူစု​ဖြစ်​၏​။


သင့်​အနား​မှ​ဖြတ်သွား​၍​ကြည့်​သော် သင်​သည် အိမ်ထောင်ပြု​ရ​မည့်​အရွယ်​သို့ ရောက်​လေ​ပြီ​။ ထို့ကြောင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သော​သင့်​ကို ငါ့​ဝတ်လုံစွန်း​ဖြင့် ဖုံးအုပ်​ပေး​၏​။ သင်​နှင့်​သစ္စာဆို​၍ ပဋိညာဉ်ဖွဲ့​၏​။ ထို့ကြောင့် သင့်​ကို ငါ​ပိုင်ဆိုင်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


အို လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ အို မြေကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​၊ အာရုံစိုက်​ကြ​လော့​။ သန့်ရှင်း​ရာ​ဗိမာန်တော်​၌​စံ​တော်မူ​သော​အရှင်​၊ ဘုရားရှင်​ထာဝရဘုရား​သည် သင်​တို့​ကို ဆန့်ကျင်​၍ သက်သေခံ​တော်မူ​လိမ့်မည်​။


သူ​တို့​၌ ဝိညာဉ်​တော်​တစ်စိတ်တစ်ပိုင်း​ပါ​လျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ဘုရားသခင်​ကို ရိုသေကိုင်းရှိုင်း​သော​အမျိုးအနွယ်​ကို အလိုရှိ​သည်​ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေ​တော်မူ​သည် မ​ဟုတ်​လော​။ ထို့ကြောင့် ကိုယ့်​စိတ်​ကို ထိန်း​၍ ငယ်စဉ်​က ပေါင်းဖော်​ခဲ့​သော​မယား​ကို သစ္စာ​မ​ဖောက်​နှင့်​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


“လူ​သည် ဘုရားသခင်​ထံမှ လုယူ​ရ​မည်​လော​။ မှန်ပေ​၏​။ သင်​တို့​သည် ငါ့​ထံမှ​လုယူ​ကြ​ပြီ​။ သို့သော် သင်​တို့​က ‘အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ထံမှ မည်သို့​လုယူ​သနည်း’​ဟု မေး​လျှင် သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​နှင့် အလှူပစ္စည်း​တို့​ကို လုယူ​ကြ​ပြီ​။


ဂိလဒ်​ပြည်​သက်ကြီးဝါကြီး​တို့​က​လည်း ယေဖသ​အား “​ထာဝရဘုရား ကြားသိ​တော်မူ​ပါ​၏​။ သင်​ပြော​သည့်​အတိုင်း ငါ​တို့​လုပ်​ပါ​မည်​”​ဟု ဆို​ကြ​၏​။


ရှမွေလ​က​လည်း “​သင်​တို့​ထံမှ မည်သည့်​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ယူ​ခဲ့​ကြောင်း ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ ယနေ့ ကိုယ်တော်​၏​ဘိသိက်ခံ​သူ​လည်း သက်သေ​ဖြစ်​၏​”​ဟု ဆို​လျှင် သူ​တို့​က​လည်း “​သက်သေ​ဖြစ်​ပါ​၏​”​ဟု ဆို​ကြ​၏​။