သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။
ဗျာဒိတ် 16:2 - မြန်မာ့စံမီသမ္မာကျမ်း ပထမကောင်းကင်တမန်သည် သွား၍ သူ၏ဖလားကို မြေကြီးပေါ်သို့သွန်းလောင်းသောအခါ သားရဲ၏အမှတ်တံဆိပ်ရှိသောသူနှင့် သူ၏ရုပ်တုကိုကိုးကွယ်သောသူများ၌ အလွန်ဆိုးရွားသောအနာစိမ်းများပေါက်လေ၏။ Common Language Bible ပထမကောင်းကင်တမန်သည်သွား၍ မိမိ ဖလားမှအမျက်တော်ကိုကမ္ဘာမြေပေါ်သို့ သွန်းလောင်းလိုက်၏။ ထိုအခါသားရဲ၏အမှတ် တံဆိပ်ခတ်နှိပ်ခြင်းခံရသူများနှင့် သူ၏ ရုပ်ကိုရှိခိုးသောသူတို့တွင်အလွန်ဆိုးရွား သောအနာစိမ်းများပေါက်လေ၏။ Garrad Bible ပ ထ မ စေ တ မန် တော် သွား၍ ကိုယ့် ဖ လား ကို မြေ ပေါ် သို့ သွန်း လောင်း သော် သား ရဲ၏ သ ညာ ခံ လျက် ရုပ် ပုံ ကို ရှိ ခိုး သူ တို့ ၌ နာ ကျင် သော အ နာ ဆိုး ပေါက် ၏။ Judson Bible ပထမသူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမကောင်းကင်တမန်သည် သူ၏ ဖလားကို ကမ္ဘာမြေကြီးပေါ်သို့ သွန်းလောင်းလိုက်သောအခါ သားရဲ၏ အမှတ်တံဆိပ်ရှိသောသူတို့နှင့် သားရဲ၏ရုပ်တုကို ကိုးကွယ်သောသူတို့၌ အလွန်ဆိုးရွားသောအနာစိမ်းများ ပေါက်လေ၏။ |
သင်သည် အူနာသောရောဂါဖြင့် ဝေဒနာကို ပြင်းထန်စွာခံစားရမည်။ အူများထွက်ကျလာသည်အထိ တစ်နေ့ထက်တစ်နေ့တိုး၍ သင်ဝေဒနာခံစားရမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ပါရှိ၏။
ထို့နောက်တွင် ထာဝရဘုရားသည် ယဟောရံမင်းကြီးကို ကုသ၍မရနိုင်သောအူနာရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။
ကိုယ်တော်သည် အရှေ့လေကို ကောင်းကင်မှထွက်ခွာစေပြီး မိမိ၏အစွမ်းသတ္တိအားဖြင့် တောင်လေကိုတိုက်ခတ်လာစေတော်မူ၏။
ဘုရားရှင်သည် ဇိအုန်သမီးတို့၏ဦးခေါင်းကို ယားနာပေါက်စေတော်မူမည်။ ထာဝရဘုရားသည် သူတို့ကို အဝတ်အချည်းစည်းဖြစ်စေတော်မူမည်”ဟု မိန့်တော်မူ၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
ထာဝရဘုရားသည် ကုသ၍မရသော အီဂျစ်ပြည်အနာစိမ်း၊ ပလိပ်နာ၊ နှင်းခူ၊ ယားနာ စသည်ဖြင့် သင့်ကို ဒဏ်ခတ်တော်မူမည်။
ထာဝရဘုရားသည် ကုသ၍မရသော ဆိုးရွားသည့်အနာစိမ်းများဖြင့် သင့်ဒူး၊ သင့်ပေါင်တို့ကိုသာမက ခြေဖဝါးမှစ၍ ဦးခေါင်းတိုင်အောင် ဒဏ်ခတ်တော်မူမည်။
ထာဝရဘုရားသည် အနာရောဂါရှိသမျှတို့ကို သင့်ထံမှ ဖယ်ရှားပေးတော်မူမည်။ သင်သိခဲ့သည့် အီဂျစ်ပြည်၏ဆိုးရွားသောရောဂါဝေဒနာရှိသမျှတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မမူဘဲ သင့်ကိုမုန်းသောသူအပေါင်းတို့အပေါ်သို့ ကျရောက်စေတော်မူမည်။
ထိုသားရဲသည် ပထမသားရဲ၏အာဏာရှိသမျှကို သူ၏ရှေ့မှောက်၌သုံးစွဲပြီး ကမ္ဘာမြေကြီးမှစ၍ ၎င်းပေါ်တွင်နေထိုင်သောသူတို့အား သေစေသောဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
ထိုအခါ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို မြေကြီးပေါ်သို့ဝှေ့ယမ်းလိုက်ရာ မြေကြီးသည် ရိတ်သိမ်းခြင်းကိုခံရလေ၏။
တစ်ဖန် တတိယကောင်းကင်တမန်သည် သူတို့နောက်မှလိုက်လာ၍ “သားရဲနှင့်သူ၏ရုပ်တုကိုကိုးကွယ်လျက် မိမိနဖူးပေါ်တွင်ဖြစ်စေ၊ မိမိလက်ပေါ်တွင်ဖြစ်စေ သူ၏အမှတ်တံဆိပ်ကိုခံယူသောသူသည်
ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။
လူတို့သည် သူတို့ခံရသောနာကျင်ခြင်းဝေဒနာနှင့် သူတို့၏အနာစိမ်းတို့ကြောင့် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို စော်ကားပြောဆို၍ မိမိတို့ပြုသောအမှုများအတွက် နောင်တမရကြပေ။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။
ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။
သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။