မေရက်၏မယား ယေဟုဒိသည်လည်း ဂေဒေါ်၏ဖခင်ယေရက်၊ စောခေါ၏ဖခင်ဟေဗာနှင့် ဇာနော၏ဖခင်ယေကုသေလ တို့ကိုမွေးဖွား၏။
နေဟမိ 3:13 - မြန်မာ့စံမီသမ္မာကျမ်း ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ချိုင့်ဝှမ်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်ကြ၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။ နောက်ချေးပုံတံခါးတိုင်အောင် မြို့ရိုးအတောင်တစ်ထောင်ကို ပြုပြင်ကြ၏။ Common Language Bible ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။ Garrad Bible ဟာ နုန် သည်၊ ဇာ နော မြို့ သား တို့ နှင့် တ ကွ၊ ချိုင့် တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း တုပ် များ ကို တပ် ထား ပြီး လျှင်၊ အာ လ ဝီ တံ ခါး ထိ၊ မြို့ ရိုး တောင် ရေ တစ် ထောင် ကို ပြင် ဆင် ကြ ၏။ Judson Bible ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင် တစ်ထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။ |
မေရက်၏မယား ယေဟုဒိသည်လည်း ဂေဒေါ်၏ဖခင်ယေရက်၊ စောခေါ၏ဖခင်ဟေဗာနှင့် ဇာနော၏ဖခင်ယေကုသေလ တို့ကိုမွေးဖွား၏။
ဩဇိမင်းကြီးသည် ဂျေရုဆလင်မြို့ ထောင့်တံခါး၊ ချိုင့်ဝှမ်းလွင်ပြင်တံခါး၊ မြို့ရိုးထောင့်တို့တွင် ရဲတိုက်များကို အခိုင်အခံ့တည်ဆောက်၏။
ဇာနောမြို့၊ အဒုလံမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများ၊ လာခိရှမြို့နှင့် လယ်ယာမြေများ၊ အဇေကာမြို့နှင့် ဝန်းကျင်ရှိမြို့ရွာများစသည်ဖြင့် ဗေရရှေဘမြို့မှ ဟိန္နုံချိုင့်ဝှမ်းတိုင်အောင် နေထိုင်ကြ၏။
ထိုညအချိန်တွင်ပင် ချိုင့်ဝှမ်းလွင်ပြင်တံခါးမှထွက်၍ မြွေနဂါးရေတွင်းနှင့်မျက်နှာချင်းဆိုင် နောက်ချေးပုံတံခါးသို့သွားပြီး ပြိုပျက်သွားသောဂျေရုဆလင်မြို့ရိုးနှင့် မီးလောင်ကျွမ်းသွားသောတံခါးများကို ကြည့်ရှုစစ်ဆေး၏။
ထို့ကြောင့် ထိုည၌ပင် ချောင်းနားသို့သွား၍ မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီးလျှင် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းလွင်ပြင်တံခါးမှ ပြန်ဝင်လာခဲ့၏။