နေဟမိ 3:13 - Common Language Bible13 ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ဟာ နုန် သည်၊ ဇာ နော မြို့ သား တို့ နှင့် တ ကွ၊ ချိုင့် တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း တုပ် များ ကို တပ် ထား ပြီး လျှင်၊ အာ လ ဝီ တံ ခါး ထိ၊ မြို့ ရိုး တောင် ရေ တစ် ထောင် ကို ပြင် ဆင် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင် တစ်ထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ချိုင့်ဝှမ်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်ကြ၏။ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။ နောက်ချေးပုံတံခါးတိုင်အောင် မြို့ရိုးအတောင်တစ်ထောင်ကို ပြုပြင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။
ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-