သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
ဒံယေလ 4:7 - မြန်မာ့စံမီသမ္မာကျမ်း မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။ Common Language Bible ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။- Garrad Bible ဗေ ဒင် ဆ ရာ၊ မှော် ဆ ရာ၊ ခါ လ ဒဲ ဆ ရာ၊ ဟူး ရား ဆ ရာ တို့ ဝင် ရောက် ကြ လျှင် ထို အိပ် မက် ကို ငါ ပြန် ကြား သော် လည်း အ နက် မ ဖော် မ ပြ နိုင် ကြ။ Judson Bible မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက်ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။ |
သုန်ဖျင်းသောစပါးနှံတို့သည် ကောင်းသောစပါးနှံခုနစ်နှံကိုမျိုကြ၏။ ငါသည် ထိုအိပ်မက်ကို နတ်ဝိဇ္ဇာဆရာတို့အားပြောပြသော်လည်း ငါ့အားဖော်ပြပေးနိုင်သောသူတစ်ယောက်မျှမရှိ”ဟု ဆိုလေ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
ဆိုးယုတ်၍ကြမ်းကြုတ်သောသူသည် မူရင်းဒေသပေါက် စိမ်းလန်းသောအပင်ကဲ့သို့ ပြန့်ကားကြီးထွားနေသည်ကို ငါမြင်ရ၏။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
ကြည့်ရှုလော့။ အဆီးရီးယားပြည်သည် လက်ဘနွန်တောင်မှ သစ်ကတိုးပင်နှင့်တူ၏။ အကိုင်းအခက်ဝေဆာလှပပြီး ထိပ်ဖျားသည် မိုးထိအောင်မြင့်၍ တစ်တောလုံးကို အုပ်မိုးထား၏။
ကိုယ်အင်္ဂါမချို့ယွင်းသူ၊ ကိုယ်ခန္ဓာသန်မာထွားကျိုင်းသူ၊ ဘက်စုံထူးချွန်သူ၊ အသိပညာကြွယ်ဝသူ၊ နန်းတွင်း၌အမှုထမ်းနိုင်စွမ်းသူ လူငယ်တို့ကို ခါလဒဲစာပေနှင့် ဘာသာစကားကို သင်ကြားပေးရန် အမိန့်ပေးလေ၏။
ခါလဒဲပညာရှိတို့ကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီးသိလိုသောအရာကို ဖော်ပြနိုင်မည့်သူ ဤကမ္ဘာမှာ တစ်ယောက်မျှရှိမည်မဟုတ်ပါ။ မည်သည့်တန်ခိုးကြီးသောရှင်ဘုရင်ကမျှလည်း မှော်ဆရာ၊ ဗေဒင်ဆရာ၊ ခါလဒဲပညာရှိတို့ကို ဤသို့ မေးမြန်းလေ့မရှိပါ။
ဒံယေလက ရှင်ဘုရင်အား “အရှင်မင်းကြီးမေးသည့် နက်နဲသောအရာကို ပညာရှိများ၊ ဗေဒင်ဆရာများ၊ မှော်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များက အရှင်မင်းကြီးအား ဖော်ပြနိုင်မည်မဟုတ်ပါ။
သူတို့ကလည်း “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့အား အိပ်မက်ကို အမိန့်ရှိတော်မူပါ။ ကျွန်တော်မျိုးတို့က အနက်အဓိပ္ပာယ်ကို ဖော်ပြပါမည်”ဟူ၍ တစ်ဖန် လျှောက်ကြ၏။
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။