ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံရမည်။
ထွက်မြောက် 29:12 - မြန်မာ့စံမီသမ္မာကျမ်း နွားထီး၏သွေးအချို့ကိုယူ၍ သင့်လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကိုသုတ်လိမ်းပြီးလျှင် ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။ Common Language Bible ဦးချိုသဏ္ဌာန်ရှိသောပလ္လင်၏အချွန်အတက် များတွင် နွားသွေးအနည်းငယ်ကို၊ သင်၏ လက်ချောင်းဖြင့်သုတ်ရမည်။ ကျန်ရှိနေသော နွားသွေးအားလုံးကို၊ ပလ္လင်၏ခြေရင်းတွင် လောင်းရမည်။- Garrad Bible အ သွေး ကို ယူ၍ ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် များ၌ လက် ချောင်း နှင့် သုတ် ခြင်း၊ အ သွေး ကျန် သ မျှ ကို ပ လ္လင် တော် ခြေ ရင်း သို့ လောင်း ခြင်း၊ Judson Bible အသွေးကိုယူ၍ ယဇ်ပလ္လင်ဦးချိုတို့၌ လက်ညှိုးနှင့်ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်ရမည်။ |
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံရမည်။
ထိုယဇ်ပလ္လင်သည် အလျားတစ်တောင်၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင်ရှိရမည်။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံ၏။
သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် ယဇ်ပလ္လင်ချိုများကိုလည်း ထိုသွေးဖြင့်သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သောသွေးကို မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ရှိသည့် အမွှေးနံ့သာပေါင်းယဇ်ပလ္လင်၏ချိုများ၌ သုတ်လိမ်းရမည်။ နွားထီး၏ကျန်သွေးအားလုံးကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ရှိသော မီးရှို့ရာယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။
အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို ယဇ်ပလ္လင်၏နံရံ၌ ဖျန်း၍ ကျန်သောသွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ ညှစ်ချရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
မောရှေသည် နွားကိုသတ်ပြီးသည့်နောက် သွေးကိုယူပြီး သူ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်း၍ ယဇ်ပလ္လင်ကိုသန့်စင်စေပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းခြင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုနိုင်ရန် ယဇ်ပလ္လင်ကိုသန့်ရှင်းစေ၏။
အာရုန်၏သားတို့သည် သွေးကို သူ့ထံသို့ယူဆောင်လာကြရာ သူသည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်၍ ယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းပြီးလျှင် ကျန်သွေးကို ယဇ်ပလ္လင်အောက်ခြေ၌ သွန်း၏။
အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။
ပညတ်တရားအရ အရာအားလုံးနီးပါးသည် သွေးအားဖြင့်စင်ကြယ်စေရ၏။ သွေးသွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးဟူ၍မရှိ။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။