ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။ သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
ထွက်မြောက် 28:39 - မြန်မာ့စံမီသမ္မာကျမ်း ပိတ်ချောထည်အတွင်းသင်တိုင်းကို ရက်လုပ်ရမည်။ ပိတ်ချောထည်ခေါင်းပေါင်းကိုလည်း လုပ်ရမည်။ ပန်းထိုးခါးစည်းကိုလည်း လုပ်ရမည်။ Common Language Bible ``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။ Garrad Bible ကွက် ထောက် လက် ကျပ် ဝတ် လုံ နှင့် ဗောင်း ကို လျှော် ချည် ဖြင့် ရက် လုပ် ၍ ပန်း ထိုး ခါး ပန်း ကို လည်း လုပ် လော့။ Judson Bible ပိတ်ချောအင်္ကျီကိုလည်းလုပ်၍ ချယ်လှယ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောနှင့်လုပ်ရမည်။ ခါးပန်းကိုလည်း ချယ်လှယ်သောအလုပ်နှင့် ပြီးစေရမည်။ |
ဇာပန်းထိုးထည်ဆင်မြန်းထားသောသူ့ကို ရှင်ဘုရင်ထံသို့ပို့ဆောင်ကြ၏။ သူ၏အပေါင်းအဖော်များဖြစ်ကြသော သူ့နောက်လိုက်သည့်အပျိုတော်တို့ကိုလည်း ကိုယ်တော့်ထံသို့ခေါ်ဆောင်လာကြပါ၏။
တဲတော်အဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသောလိုက်ကာကို လုပ်ရမည်။
ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
အဝတ်တန်ဆာကိုယူ၍ အာရုန်အား အတွင်းသင်တိုင်း၊ ဧဖုဒ်အောက်ရှိဝတ်လုံ၊ ဧဖုဒ်နှင့် ရင်ခံပြားတို့ကို ဝတ်ဆင်ပေးပြီး ရင်ခံပြားကို ဧဖုဒ်၏ခါးပတ်ပြားဖြင့် တွဲချည်ရမည်။
သူ၏ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောသရဖူကို ခေါင်းပေါင်းပေါ်၌တပ်ရမည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ရက်လုပ်ထားသောပိတ်ချောထည် အတွင်းသင်တိုင်းများ၊
သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
ယဇ်ပုရောဟိတ်သည် ကိုယ်ပေါ်၌ ပိတ်ချောအင်္ကျီနှင့် ပိတ်ချောဘောင်းဘီကိုဝတ်၍ ယဇ်ပလ္လင်ပေါ်ရှိ မီးလောင်ကျွမ်းထားသည့်မီးရှို့ရာယဇ်၏ပြာပုံကို ထုတ်ယူပြီး ယဇ်ပလ္လင်၏ဘေး၌ ပုံထားရမည်။