ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
ထွက်မြောက် 19:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား “လူတို့ထံသို့သွား၍ ယနေ့နှင့်မနက်ဖြန်တွင် သူတို့ကို သန့်ရှင်းစေလော့။ သူတို့၏အဝတ်အစားများကိုလည်း လျှော်စေလော့။ Common Language Bible ထာဝရဘုရားကမောရှေအား``လူအပေါင်း တို့အား ထာဝရဘုရားကိုဝတ်ပြုကိုးကွယ် ရန်ပြင်ဆင်သည့်အနေဖြင့် ယနေ့နှင့်နက်ဖြန် နေ့တွင်မိမိတို့ကိုယ်ကိုသန့်စင်စေရန်ပြော လော့။ သူတို့သည်မိမိတို့အဝတ်များကို ဖွပ်လျှော်၍၊- Garrad Bible ထာ ဝ ရ ဘု ရား က၊ လူ မျိုး ရှိ ရာ သို့ ပြန် သွား၍ ယ နေ့ နှင့် နက် ဖြန် သူ တို့ ကို သန့် ရှင်း စေ လော့။ အ ဝတ် ကို ဖွပ် လျှော် ကြ စေ။ Judson Bible ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့် နက်ဖြန်၌ သူတို့ကိုသန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊ |
ထို့ကြောင့် ယာကုပ်သည် မိမိ၏အိမ်သူအိမ်သားတို့မှစ၍ မိမိနှင့်အတူရှိသောသူအပေါင်းတို့အား “သင်တို့၌ရှိသောတိုင်းတစ်ပါးသား၏ဘုရားများကို ဖယ်ရှားကြလော့။ သင်တို့ကိုယ်သင်တို့ စင်ကြယ်စေ၍ သင်တို့၏အဝတ်အစားများကို လဲကြလော့။
ရှောလုမင်းကြီး၏မြေး မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ကြိုဆိုရန် ဆင်းလာ၏။ ရှင်ဘုရင်ထွက်သွားသည့်နေ့မှစ၍ ဘေးကင်းစွာပြန်လာသည့်နေ့အထိ သူသည် ကိုယ့်ခြေကို မဆေး၊ နှုတ်ခမ်းမွေးကို မရိတ်၊ အဝတ်ကိုလည်း မလျှော်ဖွပ်ဘဲ နေ၏။
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
သူတို့အား “လေဝိအမျိုးတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ ယခုမှာ သင်တို့ကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုကြလော့။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကိုလည်း သန့်ရှင်းစေကြလော့။ ညစ်ညူးသောအရာတို့ကို သန့်ရှင်းရာဌာနတော်မှ ဖယ်ရှားပစ်ကြလော့။
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုသူ၏အိပ်ရာကို ထိမိသောသူတိုင်း မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
သင်သည် လူတို့အား ‘သင်တို့က ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏ဟု ဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။
စင်ကြယ်သောသူသည် ထိုရေဖြင့် မစင်ကြယ်သောသူအား တတိယနေ့၊ သတ္တမနေ့တို့၌ ဖျန်းရမည်။ သတ္တမနေ့၌ မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ သန့်စင်စေရမည်။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်ရောက်လျှင် စင်ကြယ်လိမ့်မည်။
မီးဒဏ်ခံနိုင်သောအရာရှိသမျှကို မီးဖြင့် စစ်ခြင်းဖြင့် စင်ကြယ်စေရမည်။ စင်ကြယ်စေခြင်းရေဖြင့်လည်း စင်ကြယ်စေရမည်။ မီးဒဏ်မခံနိုင်သောအရာရှိသမျှကိုကား ရေနှင့်ဆေးကြောရမည်။
သတ္တမနေ့၌ သင်တို့အဝတ်ကို လျှော်၍ သင်တို့စင်ကြယ်ပြီးမှ တပ်စခန်းတွင်းသို့ ဝင်ခွင့်ရှိ၏”ဟု ဆို၏။
လေဝိအမျိုးတို့သည် မိမိကိုယ်မိမိသန့်စင်အောင်ပြု၍ မိမိတို့၏အဝတ်များကိုလျှော်ပြီးသောအခါ အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်လေ၏။ အာရုန်သည် သူတို့စင်ကြယ်စေရန် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုလည်းပြုလေ၏။
သူတို့စင်ကြယ်အောင် ဤသို့ပြုရမည်။ သူတို့အပေါ် စင်ကြယ်စေခြင်းဆိုင်ရာရေကို ဖျန်းရမည်။ သူတို့သည် တစ်ကိုယ်လုံးရှိအမွေးများကိုရိတ်ပြီး အဝတ်များကို လျှော်ခြင်းဖြင့် မိမိကိုယ်မိမိ စင်ကြယ်စေရမည်။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ထို့နောက် ယောရှုက လူအပေါင်းတို့အား “သင်တို့သည် မိမိကိုယ်မိမိသန့်ရှင်းစေကြလော့။ ထာဝရဘုရားသည် မနက်ဖြန် သင်တို့အလယ်၌ အံ့ဖွယ်အမှုကိုပြုတော်မူမည်”ဟု မှာကြားလေ၏။
ထလော့။ လူတို့ကို သန့်ရှင်းစေလော့။ သူတို့အား ‘မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်တို့အလယ်၌ ကျိန်ခြင်းခံရသောအရာရှိ၏။ ထိုကျိန်ခြင်းခံရသောအရာကို သင်တို့ထဲမှမဖယ်ရှားမချင်း သင်တို့သည် ရန်သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
မိမိတို့၏ဝတ်လုံများကိုလျှော်ဖွပ်၍ အသက်ပင်နှင့်သက်ဆိုင်ရသောအခွင့်ကိုရရှိကာ တံခါးများမှ မြို့ထဲသို့ဝင်ခွင့်ကိုရရှိသောသူတို့သည် မင်္ဂလာရှိကြ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။
ရှမွေလကလည်း “ထာဝရဘုရားထံ ယဇ်ပူဇော်ဖို့ ငြိမ်းချမ်းရေးအတွက် လာပါ၏။ ကိုယ်ကို စင်ကြယ်စေကြပြီး ငါနှင့်အတူ ယဇ်ပူဇော်ပွဲသို့ လာကြလော့”ဟု သူတို့အား ဆို၏။ ယေရှဲနှင့် သူ့သားများကိုလည်း စင်ကြယ်အောင်ပြုပြီးမှ ယဇ်ပူဇော်ပွဲသို့လာရန် ဖိတ်ခေါ်၏။