သူတို့ဆာလောင်သောအခါ သူတို့အား ကောင်းကင်မှမုန့်ကို ချပေးတော်မူ၏။ သူတို့ရေဆာသောအခါ ကျောက်ထဲမှရေကို ထွက်စေတော်မူ၏။ ထိုပြည်ကို သူတို့အား ပေးမည်ဟု ကျိန်ဆိုထားသည့်အတိုင်း ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် မိန့်တော်မူ၏။
ထွက်မြောက် 17:6 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ငါသည် ဟောရပ်တောင်ရှိကျောက်ဆောင်ပေါ်တွင် သင့်ရှေ့၌ ရပ်နေမည်။ သင်သည် ထိုကျောက်ဆောင်ကိုရိုက်လော့။ ထိုကျောက်ဆောင်မှ ရေထွက်လာသဖြင့် လူတို့သည် ရေသောက်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း အစ္စရေးသက်ကြီးဝါကြီးတို့၏မျက်မှောက်၌ ထိုအတိုင်းပြုလေ၏။ Common Language Bible သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။ Garrad Bible ဟော ရပ် အ ရပ်၌ ကျောက် တောင် ပေါ် တွင် သင့် ရှေ့ ငါ ရပ် တန့် မည်။ ထို ကျောက် တောင် ကို သင် ရိုက် သ ဖြင့် လူ မျိုး သောက် ရန် ရေ ထွက် လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း ဣ သ ရေ လ လူ ကြီး တို့ ရှေ့ မော ရှေ ပြု လေ ၏။ Judson Bible ထိုအရပ်၌ရှိသောကျောက်ပေါ်တွင် သင့်ရှေ့မှာငါရပ်နေမည်။ သင်သည် ထိုကျောက်ကိုရိုက်ရမည်။ လူများသောက်ဖို့ ထိုကျောက်ထဲက ရေထွက်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလအမျိုး အသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။ |
သူတို့ဆာလောင်သောအခါ သူတို့အား ကောင်းကင်မှမုန့်ကို ချပေးတော်မူ၏။ သူတို့ရေဆာသောအခါ ကျောက်ထဲမှရေကို ထွက်စေတော်မူ၏။ ထိုပြည်ကို သူတို့အား ပေးမည်ဟု ကျိန်ဆိုထားသည့်အတိုင်း ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် မိန့်တော်မူ၏။
ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။
ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ မာကျောသောကျောက်ကို စမ်းရေတွင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။
မြစ်တစ်မြစ်ရှိ၏။ ၎င်း၏ရေစီးကြောင်းတို့သည် အမြင့်ဆုံးသောအရှင်၏ သန့်ရှင်းသောကိန်းဝပ်တော်မူရာတဲတော် တည်းဟူသော ဘုရားသခင်၏မြို့တော်ကို ဝမ်းမြောက်စေ၏။
ကိုယ်တော်သည် စမ်းရေနှင့်စမ်းချောင်းကို ပေါက်ထွက်စေ၍ အမြဲစီးဆင်းသောမြစ်များကို ခန်းခြောက်စေတော်မူ၏။
မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။
ကျောက်ဆောင်ကိုရိုက်သောအခါ ရေများစီးထွက်လာပါ၏။ စမ်းချောင်းများစီးဆင်းပါ၏။ သို့သော် မုန့်ကိုကား ပေးနိုင်ပါမည်လော။ မိမိလူမျိုးတော်အတွက် အသားကို ပြင်ဆင်ပေးနိုင်ပါမည်လော”ဟု ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုကြ၏။
သင်သည် ဆင်းရဲဒုက္ခထဲမှခေါ်သောအခါ သင့်ကိုငါကယ်မခဲ့၏။ မမြင်နိုင်သောမိုးချုန်းသံကြားမှ သင့်ကိုငါထူးခဲ့၏။ မေရိဘစမ်းရေအနားတွင် သင့်ကို ငါစစ်ဆေးခဲ့၏။(စေလာ)
သင်မူကား တောင်ဝှေးကိုမြှောက်ပြီးလျှင် ပင်လယ်အပေါ်သို့ သင့်လက်ကိုဆန့်၍ ပင်လယ်ကိုခွဲလော့။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် သွားရလိမ့်မည်။
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
သူတို့ကို တောကန္တာရထဲတွင် ပို့ဆောင်တော်မူစဉ် သူတို့သည် ရေမငတ်ရကြ။ ကိုယ်တော်သည် သူတို့အဖို့ ကျောက်ဆောင်ထဲမှ ရေစီးဆင်းစေတော်မူ၏။ ကျောက်ဆောင်ကိုခွဲတော်မူသဖြင့် ရေစီးထွက်လေ၏။
“တောင်ဝှေးကို ယူလော့။ သင်နှင့်သင်၏အစ်ကိုအာရုန်သည် အစ္စရေးလူထုကိုစုရုံး၍ သူတို့ရှေ့၌ ကျောက်တုံးကို အမိန့်ပေးလော့။ ထိုကျောက်တုံးမှ ရေထွက်လာမည်။ ဤသို့ဖြင့် သင်သည် ထိုကျောက်တုံးမှရေထွက်လာစေပြီး အစ္စရေးလူထုနှင့်သူတို့၏တိရစ္ဆာန်တို့သောက်စရာရေကို ပေးရမည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
(ဟောရပ်တောင်မှ ကာဒေရှဗာနာအရပ်အထိ စိရတောင်လမ်းဖြင့်သွားလျှင် တစ်ဆယ့်တစ်ရက်ကြာ၏။)
မီးမြွေနှင့်ကင်းမြီးကောက်ပေါများသောအရပ်၊ ရေမရှိဘဲ ခြောက်သွေ့သောအရပ်၊ ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီး၌ သင့်ကိုပို့ဆောင်တော်မူသောအရှင်၊ သင့်အတွက် ရေကို မီးခတ်ကျောက်ထဲမှထွက်စေတော်မူသောအရှင်၊
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။