ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ထွက်မြောက် 17:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေက ထာဝရဘုရားအား “ဤလူတို့ကို အကျွန်ုပ်မည်သို့ပြုရပါမည်နည်း။ သူတို့သည် အကျွန်ုပ်ကို ခဲနှင့်ပေါက်လုနီးပါပြီ”ဟု ဆိုလျက် အော်ဟစ်တောင်းလျှောက်လေ၏။ Common Language Bible ထိုအခါမောရှေသည် ထာဝရဘုရား ကို``အကျွန်ုပ်သည်ဤလူတို့အတွက်မည်ကဲ့ သို့ဖြေရှင်းပေးရပါမည်နည်း။ သူတို့သည် မကြာမီအကျွန်ုပ်အားခဲနှင့်ပစ်သတ်ကြ ပါလိမ့်မည်'' ဟုတောင်းပန်လျှောက်ထား လေ၏။ Garrad Bible မော ရှေ သည် ထာ ဝ ရ ဘု ရား ထံ ဟစ် ၍ ဤ လူ မျိုး အား အ ကျွန်ုပ် မည် သို့ ပြု ရ ပါ အံ့ နည်း။ အ ကျွန်ုပ် ကို ခဲ နှင့် ပစ် လု ကြ ပါ ပြီ ဟူ၍ လျှောက် လေ ၏။ Judson Bible ထိုအခါ မောရှေသည် ထာဝရဘုရားအားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့်ပစ်လုကြပါပြီဟု လျှောက်လေ၏။ |
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အဘယ်ကြောင့် ငါ့ထံအော်ဟစ်နေသနည်း။ အစ္စရေးအမျိုးသားတို့အား ဆက်၍ခရီးပြုကြရန် ဆင့်ဆိုလော့။
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
ထို့ကြောင့် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏အစေအပါးကို အဘယ်ကြောင့်ဒုက္ခရောက်စေပါသနည်း။ ဤလူမျိုးအပေါင်းတို့၏ဝန်ကို အကျွန်ုပ်အပေါ်၌တင်၍ ကိုယ်တော်၏ရှေ့တော်၌ အဘယ်ကြောင့် အကျွန်ုပ်ကို မျက်နှာမရစေပါသနည်း။
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုပေါက်ရန် ကျောက်ခဲတို့ကိုကောက်ယူကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည်မဟုတ်လောဟု ထာဝရဘုရားမိန့်တော်မူ၏’ဟူ၍ ပရောဖက်ဆိုထားသည့်အတိုင်းဖြစ်၏။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။