သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
တရားဟော 8:8 - မြန်မာ့စံမီသမ္မာကျမ်း ဂျုံ၊ မုယော၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တို့နှင့်ပြည့်သောပြည်၊ သံလွင်ဆီ၊ ပျားရည်တို့နှင့်ပြည့်သောပြည်၊ Common Language Bible ထိုပြည်တွင်ဂျုံ၊ မုယောစပါး၊ စပျစ်သီး၊ သဖန်း သီး၊ သလဲသီး၊ သံလွင်သီး၊ ပျားရည်စသည်တို့ ပေါများသည်။- Garrad Bible ဂျုံ စ ပါး၊ မု ယော စ ပါး၊ စ ပျစ်၊ သ ဖန်း၊ သ လဲ ပင် များ နှင့် ပြည့် စုံ သော ပြည်၊ သံ လွင် သီး၊ ပျား ရည် နှင့် ပြည့် စုံ သော ပြည်၊ Judson Bible ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့်ပြည့်စုံသောပြည်၊ |
သူ၏မြည်းကို စပျစ်ပင်၌ချည်ထား၏။ သူ့မြည်းမ၏သားကို အကောင်းဆုံးစပျစ်ပင်၌ချည်ထား၏။ သူ၏အဝတ်တန်ဆာကို စပျစ်ဝိုင်ဖြင့် လျှော်၏။ သူ၏ဝတ်ရုံကို စပျစ်သွေးဖြင့် လျှော်၏။
ရေခပ်နှင့်ဗာနာ ညီအစ်ကိုနှစ်ဦးသည် ဂျုံစပါးယူသူအယောင်ဆောင်ပြီး အိမ်အတွင်းခန်းသို့ဝင်ကာ ဣရှဗောရှက်မင်းကြီး၏ဝမ်းကို ထိုးပြီးလျှင် ထွက်ပြေးသွားကြ၏။
ရှောလမုန်မင်းကြီးသည်လည်း ဟိရံမင်းကြီး၏နန်းတွင်းသူနန်းတွင်းသားတို့ စားစရာအဖို့ ဂျုံကောရနှစ်သောင်းနှင့် ကြိတ်ထားသောသံလွင်ဆီ ကောရနှစ်ဆယ်ကို ပေး၏။ ထိုသို့ ရှောလမုန်မင်းကြီးသည် ဟိရံမင်းကြီးအဖို့ နှစ်စဉ်ပြုပေးလေ၏။
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။
ကိုယ်တော်သည် သင်၏နယ်နိမိတ်ထဲ၌ ငြိမ်းချမ်းမှုရှိစေ၍ အကောင်းဆုံးသောဂျုံဆန်ဖြင့် သင့်ကိုဝပြောစေတော်မူ၏။
အစ္စရေးလူမျိုးကိုကား အကောင်းဆုံးသောဂျုံဆန်ဖြင့် ကိုယ်တော်ကျွေးမွေးတော်မူလိမ့်မည်။ “ငါသည် ကျောက်ဆောင်မှထွက်သောပျားရည်ဖြင့် သင့်ကိုဝပြောစေမည်။”
ထိုနေ့ရက်၌ စပျစ်ပင်တစ်ထောင်ပါရှိသော တစ်ထောင်တန်စပျစ်ခြံတိုင်းသည် ချုံတော၊ ဆူးတောများဖြစ်သွားလိမ့်မည်။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။
ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
မြေကြီးသည် ဆန်စပါး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကို ထူးလိမ့်မည်။ ထိုအရာတို့သည်လည်း ယေဇရေလကို ထူးလိမ့်မည်။
သူ့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုပေးသောသူမှာ ငါဖြစ်ကြောင်း၊ ဗာလဘုရားကိုပူဇော်သောရွှေငွေတို့ကို တိုးပွားစေသူမှာ ငါဖြစ်ကြောင်း သူမသိ။
လူတို့သည် မိမိတို့၏စပျစ်ပင်၊ သဖန်းပင်တို့အောက်တွင် ထိုင်ကြလိမ့်မည်။ သူတို့ကို ခြိမ်းခြောက်မည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။ ထိုသို့ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား နှုတ်မြွက်တော်မူပြီ။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။
တပည့်တော်တို့သည်လည်း ကောက်သိမ်းကြရာ လူတို့စားခဲ့သောမုယောမုန့်ငါးလုံးမှ ကြွင်းကျန်သည့်အကျိုးအပဲ့များကို တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
“ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။
ကိုယ်တော်သည် သူ့ကို မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သူသည် လယ်ယာသီးနှံကိုစားရ၏။ ကိုယ်တော်သည် သူ့ကို ကျောက်တောင်ထဲမှပျားရည်ဖြင့်လည်းကောင်း၊ မီးခတ်ကျောက်ဆောင်ထဲမှဆီဖြင့်လည်းကောင်း၊
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သာယာဝပြောသောပြည်ဖြစ်သည့် ချိုင့်ဝှမ်း၊ တောင်ကုန်းတို့ထဲမှ စီးထွက်လာသည့် စမ်းချောင်း၊ စမ်းရေတွင်း၊ စိမ့်စမ်းရေတို့နှင့်ပြည့်သောပြည်၊
အစားအစာခေါင်းပါးခြင်းမရှိဘဲ ဝလင်စွာစားရ၍ မည်သည့်အရာမျှချို့တဲ့ခြင်းမရှိသောပြည်၊ သံရိုင်းထွက်သောပြည်၊ တောင်များထဲမှ ကြေးနီကိုတူးဖော်ရရှိသည့်ပြည်သို့ သင့်ကိုပို့ဆောင်တော်မူ၏။