ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။
တရားဟော 29:29 - မြန်မာ့စံမီသမ္မာကျမ်း ဝှက်ထားသောအရာများသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့်ဆိုင်၏။ ဖော်ပြထားသော ဤတရားစကားရှိသမျှကိုလိုက်နာခြင်းသည် ငါတို့မှစ၍ ငါတို့၏သားစဉ်မြေးဆက်များနှင့်ဆိုင်၏။ Common Language Bible ``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။ Garrad Bible ကွယ် ဝှက် သော အ ရေး အ ရာ များ သည်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဆိုင် တော် မူ ရာ ဖြစ်၏။ ဖော် ပြ ပြီး အ ရေး အ ရာ များ ကား၊ ဤ ပ ညတ် တ ရား ချက် ဟူ သ မျှ ကို လိုက် နာ ကြ ရ အံ့ သော ငှါ ငါ တို့ မှ စ၍ သား စဉ် မြေး ဆက် တို့ ဆိုင် ရာ ဖြစ် သ တည်း။ Judson Bible မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဖော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏အငန်းအတာဖြစ်၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။ |
ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့်ရင်းနှီးကျွမ်းဝင်တော်မူ၏။ မိမိ၏ပဋိညာဉ်တော်ကိုလည်း သူတို့အား သိစေတော်မူ၏။
ဘုရားသခင်၏ဘုန်းအသရေကား အမှုကိစ္စကိုဝှက်ထားခြင်းဖြစ်၏။ ရှင်ဘုရင်တို့၏ဘုန်းအသရေကား အမှုကိစ္စကိုစူးစမ်းခြင်းဖြစ်၏။
အကြောင်းမူကား သွေဖည်လွဲမှားသောသူတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့နှင့်ကား ရင်းနှီးကျွမ်းဝင်တော်မူ၏။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
သို့သော် မည်သူသည် ထာဝရဘုရား၏အစည်းအဝေး၌ရပ်သနည်း။ မည်သူသည် ဗျာဒိတ်တော်ကိုမြင်၍ စကားတော်ကို ကြားသနည်း။ မည်သူသည် စကားတော်ကို ကြား၍ အာရုံစိုက်နားထောင်သနည်း။
ခက်ခဲနက်နဲသောအရာ၊ လျှို့ဝှက်သောအရာတို့ကို ဖွင့်ပြတော်မူ၏။ မှောင်မိုက်ထဲ၌ရှိသောအရာတို့ကိုလည်း သိတော်မူ၏။ အလင်းသည် ကိုယ်တော်နှင့်အတူရှိ၏။
“အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
သို့သော် ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်၌ အသက်ကိုရရှိကြရန် ဤအရာများကိုရေးထားခြင်းဖြစ်၏။
ယေရှုကလည်း“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ သင်သည် ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
သင်တို့သည် ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရရှိမည်ဟုထင်မှတ်၍ ကျမ်းစာကိုစူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။
ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
အကြောင်းမူကား မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိ၍ သူ့ကိုသွန်သင်လိမ့်မည်နည်း။ ငါတို့၌မူကား ခရစ်တော်၏စိတ်ရှိ၏။
သင်၏ဘုရားသခင်ထာဝရဘုရားထံသို့ ပြန်လာ၍ သင်နှင့်သင်၏သားသမီးတို့သည် ယနေ့ သင့်အား ငါမိန့်မှာသမျှအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စကားတော်ကို နားထောင်လျှင်
သင်တို့၏သားသမီးတို့အား ကြိုးစားသွန်သင်ရမည်။ သင်တို့သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
သင်၌ရှိသည့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းကိုလည်း ငါသတိရ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလောဣနှင့် သင်၏မိခင်ဥနိတ်တို့၌ ဦးစွာတည်ရှိ၍ ယခု သင်၌လည်း တည်ရှိသည်ဟု ငါယုံကြည်စိတ်ချ၏။
ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဩဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။