ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
တရားဟော 16:16 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။ Common Language Bible ``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။'' Garrad Bible တ ဆေး မဲ့ မုန့် ပွဲ၊ သိ တင်း ပွဲ၊ တဲ နေ ပွဲ များ၌၊ တစ် နှစ် လျှင် သုံး ကြိမ်၊ ယောက်ျား အ ပေါင်း တို့ သည်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ရွေး ချယ် တော် မူ မည့် ဌာ န၌ ဖူး မျှော် ကြ သော်၊ Judson Bible အဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအဖို့တည်ဆောက်သောယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို တစ်နှစ်လျှင် သုံးကြိမ်ပူဇော်၏။ နံ့သာပေါင်းကိုလည်း ထာဝရဘုရားရှေ့တော်တွင် မီးရှို့ပူဇော်၏။ ဤသို့ဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
မောရှေ၏ပညတ်တော်တွင်ပါရှိသည့်အတိုင်း နေ့စဉ်ဆက်သနေသောအလှူများ၊ ဥပုသ်နေ့၊ လဆန်းနေ့တို့တွင် ဆက်သသောအလှူများ၊ တစ်နှစ်လျှင်သုံးကြိမ်ကျင်းပရသောပွဲတော်များဖြစ်သည့် တဆေးမဲ့မုန့်ပွဲတော်၊ ခုနစ်သီတင်းပွဲတော်၊ ယာယီတဲစုပွဲတော်တို့တွင် ဆက်သသောအလှူများကို ပူဇော်၏။
သတ္တမလ ရောက်သောအခါ ကိုယ့်မြို့ကိုယ့်ရွာတို့၌နေထိုင်ကြသော အစ္စရေးလူမျိုးတို့သည် ဂျေရုဆလင်မြို့သို့ တစ်စိတ်တစ်သဘောတည်းစုဝေးလာကြ၍
ထို့ကြောင့် သူတို့က “ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း ယာယီတဲကို ဆောက်ဖို့ရန် တောင်ပေါ်သို့သွား၍ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက်မှစ၍ အရွက်ဝေဆာသောသစ်ခက်တို့ကို ယူလာကြလော့”ဟူသောသတင်းကို ဂျေရုဆလင်မြို့မှစ၍ မြို့ရွာရှိသမျှအနှံ့ ကြေညာလေ၏။
လူမျိုးစုတည်းဟူသော ထာဝရဘုရား၏လူမျိုးစုတို့သည် အစ္စရေးအမျိုး၌ထားရှိတော်မူသော သက်သေခံချက်နှင့်အညီ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းရန် ထိုအရပ်သို့တက်သွားကြ၏။
သူတို့သည် ခွန်အားတိုးသည်ထက်တိုးလာလျက်၊ သွားကြလျက် ဇိအုန်၌ရှိတော်မူသောဘုရားသခင်ကို ဖူးမြင်ရကြပါလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အို ယာကုပ်၏ဘုရားသခင်၊ စူးစိုက်နားထောင်တော်မူပါ။(စေလာ)
ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
မြည်းမှ အဦးဆုံးပေါက်သောအကောင်ကို သိုးသငယ်ဖြင့် ရွေးရမည်။ အကယ်၍ မရွေးလိုလျှင် မြည်းသားပေါက်၏လည်ပင်းကို ချိုးရမည်။ သင်၏သားများထဲမှ သားဦးရှိသမျှကို ရွေးရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
လူမျိုးခြားတို့ကို သင့်ရှေ့မှ ငါနှင်ထုတ်ပြီး သင်၏နယ်ပယ်ကို ငါကျယ်ဝန်းစေမည်ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ်မျက်နှာလာပြစဉ်အတွင်း မည်သူမျှ သင်၏မြေကို လိုချင်တပ်မက်စိတ် မရှိစေရ။
သို့သော် ထိုမြို့၏အကျိုးအမြတ်နှင့် ဝင်ငွေတို့ကို ထာဝရဘုရားအား ဆက်ကပ်ကြရမည်။ စုဆောင်းခွင့်မရှိ၊ သိုမှီးခွင့်မရှိ။ ထိုမြို့၏အကျိုးအမြတ်သည် ထာဝရဘုရားရှေ့တော်၌နေသောသူတို့ ဝဝလင်လင်စားရရန်နှင့် ကောင်းကောင်းမွန်မွန်ဝတ်ရရန်အတွက် ဖြစ်လိမ့်မည်။
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
ဆိတ်ညံခဲ့သောမြို့တို့သည် သတ်မှတ်ထားသောပွဲတော်ကာလတွင် ဂျေရုဆလင်မြို့၌ ယဇ်ပူဇော်ရန်သိုးများနှင့် ပြည့်နှက်နေသကဲ့သို့ လူအုပ်များနှင့် ပြည့်နေလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ယာယီတဲစုပွဲ ကျင်းပရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် များများရမည်ဟုမျှော်လင့်သော်လည်း နည်းနည်းသာ ရ၏။ သင်တို့အိမ်သို့ယူဆောင်လာသောအရာကို ငါမှုတ်ထုတ်ပစ်လိုက်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါ့အိမ်တော်မှာပျက်စီးယိုယွင်းလျက်နှင့် သင်တို့အသီးသီးသည် ကိုယ့်အိမ်ဖို့သာ အလုပ်များနေကြသောကြောင့်ဖြစ်၏’ဟု မိန့်တော်မူ၏။
အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
ထိုအခါ သူတို့သည် ထိုအစေအပါးကို ဖမ်းဆီး၍ရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
သို့ရာတွင် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ယာယီတဲစုပွဲတော်နီးကပ်လာသောအခါ
သင်သည် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်ရက်ပတ်လုံး ပွဲတော်ကျင်းပရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏အသီးအနှံအားလုံး၊ သင်ပြုသောအမှုဟူသမျှကို ကောင်းချီးပေးတော်မူ၍ သင်သည် အလွန်ဝမ်းမြောက်ရလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကောင်းချီးမင်္ဂလာပေးတော်မူသည်နှင့်အညီ အသီးသီးတတ်နိုင်သည့်အတိုင်း ပူဇော်သက္ကာယူဆောင်လာရမည်။
အစ္စရေးလူမျိုးအပေါင်းတို့သည် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြသောအခါ သင်သည် အစ္စရေးလူမျိုးအပေါင်းတို့ရှေ့၌ ဤပညတ်တရားကို သူတို့ကြားအောင် ဖတ်ကြားရမည်။
ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။
သူတို့ကလည်း “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို ပြန်ပို့မည်ဆိုလျှင် သေတ္တာတော်သက်သက်ကိုသာ ပြန်မပို့ကြနှင့်။ အပြစ်ဒဏ်ဖြေရာယဇ်နှင့်တကွ ဆက်ဆက်ပြန်ပို့ပေးရမည်။ သို့မှသာ သင်တို့ အနာရောဂါပျောက်ကင်းလိမ့်မည်။ ထို့ပြင် လက်တော်သည် အဘယ်ကြောင့် သင်တို့ထံမှ မရုပ်သိမ်းသေးကြောင်းကိုလည်း သင်တို့သိရလိမ့်မည်”ဟု ပြန်ပြောကြ၏။