ဝတ်ပြု 23:34 - မြန်မာ့စံမီသမ္မာကျမ်း34 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ယာယီတဲစုပွဲ ကျင်းပရမည်။ အခန်းကိုကြည့်ပါ။Garrad Bible34 သ တ္တ မ လ၊ ဆယ့် ငါး ရက် နေ့ က စ၍ ခု နစ် ရက် တိုင် တိုင်၊ ထာ ဝ ရ ဘု ရား ရှေ့ တဲ နေ ပွဲ ကို ခံ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible34 သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ သကေနေပွဲကိုခံရကြမည်။ အခန်းကိုကြည့်ပါ။ |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ထို့ပြင် ယေရောဗောင်မင်းကြီးသည် ယုဒပြည်တွင်ကျင်းပသောပွဲကဲ့သို့ အဋ္ဌမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကျင်းပပြီး ယဇ်ပလ္လင်တွင် ယဇ်ပူဇော်၏။ ဗေသလမြို့တွင်တည်ထားသောနွားသငယ်ရုပ်တုကိုလည်း ယဇ်ပူဇော်၏။ ဗေသလမြို့ရှိ သူတည်ထားသောအထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပုရောဟိတ်များကို ခန့်ထား၏။